Part 20

4.6K 77 6
                                    

အပိုင်း ၂၀

Unicode

"ဟလိုမေမေ"

"မြေးလေးရောသမီးငယ်"

"သူ့ဒယ်ဒီနဲ့လမ်းလျှောက်ထွက်သွားတယ်ဖေဖေ"

"အော် မြေးမျက်နှာမြင်ချင်လို့ခေါ်လိုက်တာကို"

"ပြန်လာရင်ယွန်းပြန်ခေါ်ပေးမယ်လေ"

"သမီးရောဘာလုပ်နေတာလဲ"

"အခုအင်္ကျီရွေးမလို့ ၊ နောက်အပတ်ဘွဲ့ယူရမှာလေ"

"အဲ့တာကိုခုထိမစီစဥ်ရသေးတာလားယွန်း ၊ ရက်နီးနေပြီလေ"

"ယွန်းရွေးမယ်ကြံလိုက်တိုင်းမေမေ့မြေးကတမီမီနဲ့ခိုင်းလို့မပြီးတော့ဘူး ၊ သူ့ဒယ်ဒီကဆော့မယ်ဆိုလဲမရဘူး ၊ ယွန်းအနားဘဲကပ်နေတာ"

"အမေကပ်တဲ့အရွယ်မို့ပါသမီးရယ်"

"လေးလတောင်မပြည့်သေးဘဲအခုတောင်မတရားလည်နေတာ ၊ ကြီးရင်ယွန်းကိုရောင်းစားသွားမလားမသိဘူး"

"ငါ့သမီးကတော့ပြောချလိုက်တာဘဲဟေ့"

"ဖေဖေ့မြေးအကြောင်းမသိတာကျလို့"

"အဲ့တာသမီးနဲ့တူတာလေ ၊ သမီးငယ်ငယ်ကလဲဘယ်လောက်ဂျီကျလိုက်သလဲ"

"မဟုတ်တာတွေပြောပြီဖေဖေကတော့ ၊ ယွန်းဒီလောက်လိမ္မာတာကို"

"သရက်သီးကိုအပင်ရဲ့အမြင့်ဆုံးနေရာကမှစားမယ်ဆိုပြီးဂျီကျတာဘယ်သူပါလိမ့်"

"ဟာ ဖေဖေကလဲအဲ့တာကအမြင့်ကြီးမှာဆိုတော့ပိုများချိုမလားလို့ပါ ၊ ဒါပေမဲ့ယွန်းစားရတာလဲမဟုတ်ဘဲ ၊ ဆိုင်ကဟာကိုဝယ်ပြီးညာကျွေးတာမသိဘူးများမှတ်နေလား"

"ဒါဆိုသိရက်နဲ့စားတာပေါ့"

"ချိုလို့လေ"

"ကဲ တော်ပါတော့ဒီသားဖတွေကတော့ ၊ သမီးလုပ်စရာရှိရင်လုပ်လေ ၊ ညမှမေမေတို့vcထပ်ခေါ်လိုက်မယ်"

"ဟုတ်မေမေ ၊ မေမေတို့မြေးကပြန်လာဦးမှာမဟုတ်သေးဘူး ၊ ယွန်းညမှပြန်ခေါ်လိုက်မယ်"

"အေးအေးသမီးလေး"

ယွန်းလဲမေမေတို့နဲ့ဖုန်းပြောတာချလိုက်ပြီးဝတ်ဖို့ရှာလိုက်တယ် ၊ ဘာဝတ်ရမှန်းလဲမသိ ၊ တစ်နာရီလောက်အဝတ်တွေထိုင်ကြည့်ပြီးတဲ့နောက်မှာတော့အဆင်ပြေမဲ့တထည်ကိုတွေ့သွားသည်။

Unequal Love (မညီမျှသောချစ်ခြင်း)Where stories live. Discover now