Part 44

5.7K 180 36
                                    

အပိုင်း ၄၄

Unicode

မွန်းလေးကစောင်ကိုကန်ထားတာမို့ကုတင်အောက်ကျနေတာနဲ့ကောက်လိုက်ပြီးပြန်ခြုံပေးလိုက်တယ် ၊ အအိပ်မမက်တဲ့ကောင်မလေးကချက်ချင်းဘဲနိုးလာလေသည်။

"ဒယ်ဒီ"

"ဒယ်ဒီ့ကြောင့်နိုးသွားတာလား"

"ဟုတ် ဒယ်ဒီဘာလို့လဲဟင်"

"သမီးပစ္စည်းလေးတွေလာယူတာ"

"မွန်းပစ္စည်းတွေလား ၊ ဘာလုပ်ဖို့လဲဟင်ဒယ်ဒီ"

"မာမီ့မေမေကိုသိတယ်မလား ၊ ဖွားဖွားလေ"

"ကေသီဖွားဖွားလား"

"အင်း"

မွန်းလေးကမြန်မာသွေးမဟုတ်တာမို့ဖွားဖွားကေသီလို့သင်လဲမရ ၊ ကေသီဖွားဖွား မိုးဖွားဖွားလို့သာခေါ်သည် ၊ အစကတော့ယွန်းသင်ပေးနေတာကြားသေးပေမဲ့နောက်ကျမေမေကိုယ်တိုင်ကကလေးခေါ်တက်သလိုခေါ်ပါစေလို့ပြောလို့ယွန်းလဲဘာမှမပြောတော့တာနေမှာ။

"ကေသီဖွားဖွားဆေးရုံတင်ထားရတယ် ၊ အဲ့တာ​ဒယ်ဒီတို့မြန်မာကိုပြန်ရမယ်"

"မြန်မာကို??? တကယ်လားဒယ်ဒီ???"

မြန်မာကိုတခါမှမရောက်ဖူးဘဲပုံလေးတွေသာမြင်ဖူးတာမို့မွန်းလေးကအရမ်းသွားချင်နေခဲ့တာပင် ၊ အခုသွားရမယ်ဆိုတော့မယုံတယုံနဲ့သြရကိုလာမေးလေသည်။

"ဟုတ်ပါ့ဗျာ ၊ မနက်သွားမှာ"

"ဟုတ် ဒယ်ဒီပစ္စည်းတွေထည့်နေတာလား ၊ မွန်းဘာကူရမလဲ"

အမလေး မွန်းဝသုန်တို့တက်ကြွသွားတာများ ၊ သြရလဲရီလိုက်ပြီး

"ဘာမှလုပ်စရာမလိုပါဘူးသမီးရဲ့ ၊ ပြန်အိပ်နေနော် ၊ ဒယ်ဒီ့ဘာသာလုပ်လိုက်မယ်"

"ဟုတ်"

သြရလဲမွန်းလေးပစ္စည်းတွေထည့်ပြီးတော့ထွက်လာကာအခန်းထဲပြန်ဝင်လာခဲ့တယ် ၊ ပြီးတော့သူနဲ့ယွန်းရဲ့ပစ္စည်းအနည်းငယ်ကိုထည့်လိုက်တယ် ၊ သူတို့နှစ်ယောက်ရဲ့အဝတ်စားကအများကြီးမပါတာတောင်စုစုပေါင်းသယ်ရမဲ့အိတ်ကသုံးလုံးပင် ၊ သြရလဲမောသွားတာမို့ခနထိုင်ကာနာရီကြည့်လိုက်တော့ငါးနာရီတောင်ကျော်နေပြီပင် ၊ ဒါနဲ့ပြန်မအိပ်တော့ဘဲယွန်းဖေဖေဆီဖုန်းဆက်ကာအကျိုးအကြောင်းမေးပြီးတော့တခါထဲရေချိုးလိုက်တော့သည်။

Unequal Love (မညီမျှသောချစ်ခြင်း)Donde viven las historias. Descúbrelo ahora