အပိုင်း ၄၂
Unicode
"ဝင်ကြည့်မလား"
"မကြည့်ပါဘူး ၊ အားအားယားယား"
"ကိုယ့်အချစ်ကလဲ"
"တော်ပြီ ကျွန်မအလုပ်ဝင်ပြီ ၊ ထပ်မနှောင့်ယှက်နဲ့တော့"
"ကိုယ်ရောဝင်..."
"ဘာမှဝင်ဖို့မစဥ်းစားနဲ့ ၊ အိမ်ပြန်ပြီးထပ်အိပ် ၊ ဆေးသောက်ဖို့လဲမမေ့နဲ့"
"ကိုယ့်ချစ်ဇနီးလေးအမိန့်တော်အတိုင်းပါ"
"ပေါက်တကရတွေပြောပြန်ပြီ"
မျက်နှာတွေရဲပြီးဆိုင်ထဲပြေးဝင်သွားတဲ့ယွန်းကိုကြည့်ပြီးသြရရီမိလိုက်တယ် ၊ အဲ့နောက်တော့ယွန်းပြောသလိုအိမ်ကိုသာပြန်လာပြီးအိပ်ဖို့လုပ်လိုက်တော့တယ်။
...........................................
"ကိုယ့်အချစ်"
"လာပြန်ပြီလား"
"ဘာသောက်မလဲဧည့်သည်လို့မေးရမှာလေ"
"မမေးချင်ပါဘူး ၊ ရှင့်ကိုစိတ်ကုန်နေပြီ"
"စိတ်ကုန်တယ်ဆိုထဲကကိုယ့်ကိုချစ်နေသေးလို့"
အမြဲလိုရာဆွဲတွေးပြီးပြောချင်ရာပြောတက်တဲ့လူရဲ့စကားတွေကိုယွန်းလျစ်လျူရှုလိုက်ကာသောက်နေကြဖြစ်တဲ့americanoကိုချပေးပြီးလုပ်စရာရှိတာဆက်လုပ်နေလိုက်တယ်။
"ကိုယ့်အချစ်"
"............"
"ကိုယ့်အချစ်ရေလို့"
"ရှင်ဘယ်လိုဖြစ်နေလဲ ၊ ကျွန်မဒီမှာအလုပ်လုပ်နေတယ်လေ ၊ လူတွေလဲအများကြီးရှိနေတာနည်းနည်းပါးပါးဆင်ခြင်ဦး ၊ ရှင်ကရှက်ကြောပြတ်နေပေမဲ့ကျွန်မကတော့ရှက်တက်တယ်"
"ဟုတ်ကဲ့"
ကိုယ့်အချစ်လို့ဘဲခေါ်တာကိုပြောဆိုသွားလိုက်တာများ ၊ ကြည့်နေ လူရှင်းတာနဲ့ဖက်နမ်းပစ်ဦးမယ်။
"ရှင်သောက်ပြီးပြီလား ၊ ပြီးရင်ပြန်တော့"
"နှင်ထုတ်ပြီပေါ့"
"ဟုတ်တယ် ၊ နှင်ထုတ်တာ ပြန်တော့"
"အာဘွားပေးရင်ပြန်မယ်"
ESTÁS LEYENDO
Unequal Love (မညီမျှသောချစ်ခြင်း)
RomanceMarriage lifeလေးပါ♡︎ ဇာတ်လမ်းဇာတ်အိမ်ဖန်တီးမှုများအားလုံးသည်စာရေးသူ၏စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ 19.8.2022➪7.11.2022ᰔᩚ