အပိုင်း ၆
Unicode
"အားးး တွေ့လား ၊ ယွန်းသောက်နိုင်တယ်"
"အင်းပါ ဟုတ်ပါပြီ ၊ ဒါဆိုစားပြီးကြပြီဆိုတော့ပြန်ကြရအောင်"
"အင်း ပြန်မယ်"
ယွန်းအထမှာယိုင်သွားရပြီးနဖူးထက်ကနွေးခနဲဖြစ်သွားတဲ့ခံစားမှုလေးရလိုက်တာမို့မော့အကြည့်
"မမူးဘူးဆိုပြီးဘယ်လိုလုပ်ယိုင်နေတာလဲ ၊ ကိုယ်သာလှမ်းမဆွဲရင်မင်းနဖူးပေါက်ပြီ"
ခုထိယွန်းမှာကြောင်တောင်တောင်ဖြစ်နေတုန်း ၊ ယွန်းဘဲထင်ယောင်ထင်မှားဖြစ်တာနေမှာပါ။
ဒီကောင်မလေးအထမှာယိုင်သွားတာမို့သြရလှမ်းအဆွဲသူ့နှုတ်ခမ်းနဲ့သူမနဖူးလေးဟာမတော်တဆမိတ်ဆက်သွားရသည် ၊ သူကိုယ်တိုင်လဲတမျိုးခံစားလိုက်ရပေမဲ့အဲ့တာကိုဂရုစိုက်မအားသေးပေ။
"ဟေ့ ယွန်းမင်းရရဲ့လား ၊ ကိုယ်ချီရမလား"
"ရ..ရတယ် ၊ ယွန်းဘာသာဘဲလျှောက်မယ်"
ယွန်းသတိပြန်ဝင်လို့ကြည့်မိတုန်းခုနဝိုင်းအပါဝင်အားလုံးအကြည့်တွေကသူတို့နှစ်ယောက်ဆီမှာ။
"ဟေ့ ယွန်းဖြေးဖြေးသွား"
"ကိုကိုအခုကုမ္ပဏီပြန်မှာမလား"
"နာရီလဲကြည့်ဦးယွန်း ၊ ငါးနာရီကျော်နေပြီ"
"ဟုတ် ဒါဆိုကိုကိုပြန်တော့မှာမလား ၊ ယွန်းကားငှားလိုက်မယ်လေ"
"ဘယ်ကားကိုငှားမှာလဲ ၊ လိုက်ပို့မယ် တက်"
"ဟင် တကူးတကကြီး"
"ဘာမှတကူးတကမဟုတ်ဘူး ၊ မာမီခုနဖုန်းဆက်တယ်ဒယ်ဒီကမင်းအဖေနဲ့တူတူပါသွားတယ်အပြန်ဝင်ခေါ်ခဲ့တဲ့"
"ဟုတ် ဒါဆိုရင်ယွန်းမောင်းပေးရမလား"
"အမလေး တော်ပါဗျာ ၊ ကိုယ့်ဘာသာအမူးပြေအောင်နေပါ"
"ယွန်းမမူးပါဘူးဆိုနေ ၊ အကောင်းကြီး"
"ဟုတ်ပါပြီ ငြိမ်ငြိမ်လေးအိပ်ပြီးသာလိုက်ခဲ့ ၊ ရောက်ရင်နှိုးမယ်"
"အဲ့လိုကြီးကျမကောင်းပါဘူး ၊ ယွန်းအဖော်လုပ်ပေးမယ်လေ"
"သဘောသဘော"
BINABASA MO ANG
Unequal Love (မညီမျှသောချစ်ခြင်း)
RomanceMarriage lifeလေးပါ♡︎ ဇာတ်လမ်းဇာတ်အိမ်ဖန်တီးမှုများအားလုံးသည်စာရေးသူ၏စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ 19.8.2022➪7.11.2022ᰔᩚ