Part 21

3.4K 82 0
                                    

အပိုင်း ၂၁

Unicode

ကိုကြီးရဲ့ကွန်ဒိုကနေပြန်လာတဲ့နောက်ပိုင်းထဲကရတီဘယ်သူနဲ့မှထပ်မတွေ့ဖြစ်တော့တာကြာပြီ ၊ ကိုကြီးကိုရှောင်နေတာလဲပါသည် ၊ ကွန်ဒိုမှာဘဲနေခဲ့တာကြာနေပြီမို့ဘယ်မှမထွက်ချင်တော့ပေမဲ့ဒယ်ဒီကဒီနေ့လာခဲ့ဖို့ခေါ်နေတာမို့နေမကောင်းချင်သလိုဖြစ်နေတဲ့ကြားကရတီ့မှာသွားရပြန်သည်။

"ရောက်ပြီလားရတီ ၊ လာ ထိုင်ဦး"

"ကိစ္စရှိလို့လားဒယ်ဒီ"

"ကိုယ့်သမီးကိုတွေ့ချင်လို့ခေါ်တာကိစ္စရှိရဦးမှာလား"

"မသိဘူးလေ ၊ မတွေ့တာဘဲလနဲ့ချီနေပြီမို့လို့"

"ဘယ်တွေရောက်နေတာလဲ ၊ ဒယ်ဒီ့လူတွေကိုရှာခိုင်းပေမဲ့အားလုံးဆီကမတွေ့ပါဘူးဆိုတာဘဲပြန်ကြားရတယ်"

"ဒီလိုပါဘဲ ကမ္ဘာကြီးကအကျယ်ကြီးဟာ ၊ ရတီအတွက်နေစရာတနေရာတော့ကောင်းကောင်းရှိပါတယ်"

"ဒယ်ဒီပြောစရာရှိတယ်ရတီ ၊ ဒီနေ့ကစပြီးဒီမှာဘဲလာနေတော့"

"ဘာလို့လဲဒယ်ဒီ"

"သမီးတယောက်ထဲဖြစ်ချင်ရာဖြစ်ဆိုပြီးဒယ်ဒီထပ်မလွှတ်ထားနိုင်တော့ဘူး"

"ဒါဆိုအဲ့မိန်းမနဲ့ကွာလိုက်လေ ၊ ကွာလိုက်တာနဲ့ရတီ့ဘက်ကလာနေဖို့အဆင်သင့်ဘဲ"

"သမီးဘက်ကတခါလောက်လျော့ပေးလိုက်လို့မရဘူးလား"

အလျော့ပေးရမယ် ၊ ဘာကိုအလျော့ပေးရမှာလဲ ၊ ငယ်ငယ်ထဲကဒီမိန်းမရတီ့ကိုဘယ်လောက်ထိနှိပ်စက်ခဲ့လဲဒယ်ဒီသိရဲ့လား ၊ ပြောချင်တာတွေကိုမြိုသိပ်လိုက်ပြီး

"ရတီဘက်ကအဖြေကတော့မပြောင်းဘူးဒယ်ဒီ"

"ဒါပေမဲ့ဒယ်ဒီသာငယ့်ကိုကွာလိုက်ရင်သူကတခုလပ်ဖြစ်သွားမှာပေါ့သမီးရဲ့"

"ဒါကတော့သူသာဒယ်ဒီ့ဆီကနေအမွေများရမလားဆိုပြီးလက်မထပ်ရင်ဖြစ်စရာမရှိဘူးလေ"

"ရတီ"

"ပြောပါဒယ်ဒီ"

"ဟင်း ထားပါတော့ ၊ လာ ရောက်တုန်းလေးထမင်းတူတူစားရအောင်"

Unequal Love (မညီမျှသောချစ်ခြင်း)Where stories live. Discover now