အပိုင်း ၁၅
Unicode
"သား"
"မာမီ"
"ယွန်းဘာဖြစ်လို့လဲ"
"သားလဲမသိသေးဘူး"
"သားသြရ"
"သား သမီးလေးဘာဖြစ်လို့လဲ"
"ကျွန်တော်လဲမသိရသေးဘူးမေမေ ၊ သူခေါင်းမူးလို့ဆိုပြီးအခန်းထဲနားနေခိုင်းခဲ့တာ ၊ ပြီးတော့ဖိုင်ယူခိုင်းလိုက်တဲ့ဝန်ထမ်းကမူးလဲသွားတယ်ဆိုလို့ချက်ချင်းဒီကိုခေါ်လာတာဘဲ"
"ရောဂါတခုခုများ.."
"သမီးငယ်ကဒီတိုင်းအားနည်းလို့နေမှာပါကေသီရယ်"
"ကိုလင်းပြောတာဟုတ်လောက်မှာပါကေသီရယ် ၊ အရမ်းစိတ်မပူနဲ့နော်"
"အင်းပါမိုးရယ်"
"တောင်းပန်ပါတယ် ၊ ကျွန်တော်ဒီရက်တွေမှာအလုပ်ရှုပ်ပြီးယွန်းကိုဂရုမစိုက်မိခဲ့လို့ဖြစ်ရတာပါ ၊ စိတ်ပူစေခဲ့လို့တကယ်တောင်းပန်ပါတယ်ဖေဖေနဲ့မေမေ"
သြရကပြောရင်းဒူးထောက်လိုက်တာမို့ကေသီ့မှာကပျာကယာနဲ့
"မဟုတ်တာသားရယ် ထပါ ၊ သားအပြစ်မှမဟုတ်တာ"
"တောင်းပန်စရာမလိုပါဘူးသားသြရရယ် ၊ မင်းသမီးကိုချစ်တာဖေဖေတို့သိပါတယ်"
နန်းအရေးပေါ်အခန်းထဲရောက်ရောက်ခြင်းယွန်းလေးဘာများဖြစ်တာလဲလန့်ပြီးစစ်မိတော့ဝမ်းသာစရာသတင်းလေးဖြစ်နေတော့မှစိတ်အေးရသည် ၊ နန်းမျက်လုံးထဲကလေးလေးလို့မြင်မိတဲ့ကလေးမလေးတောင်အခုဆိုကလေးအမေဖြစ်တော့မှာပါလား ၊ သတင်းကောင်းမို့ယွန်းကိုပုံမှန်ခန်းကိုရွေ့ခိုင်းလိုက်ပြီးသြရသခွန်းကိုနန်းထွက်တွေ့လိုက်တယ်။
"သြရသခွန်း"
"အမနန်း ယွန်း..."
"ယွန်းလေးကိုအခုပုံမှန်ခန်းကိုပြောင်းထားတယ် ၊ အနောက်ကလိုက်ခဲ့ကြနော်"
"အမနန်း ၊ ယွန်းတခုခုများ..."
"အရင်လိုက်ခဲ့ပါ"
သြရလဲအခုထိဘာဖြစ်လဲမသိရသေးတာမို့ရင်တွေပူနေပြီဖြစ်သည်။
ESTÁS LEYENDO
Unequal Love (မညီမျှသောချစ်ခြင်း)
RomanceMarriage lifeလေးပါ♡︎ ဇာတ်လမ်းဇာတ်အိမ်ဖန်တီးမှုများအားလုံးသည်စာရေးသူ၏စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ 19.8.2022➪7.11.2022ᰔᩚ