Part 32

4.7K 89 2
                                    

အပိုင်း ၃၂

Unicode

"ဘာလုပ်နေတာလဲ"

"ဘာမှမလုပ်ဘူး"

အရင်ဆုံးတံမြက်စည်းလှဲဖို့သူ့အခန်းထဲကိုဝင်လာလိုက်တယ်။

"ရှုပ်ပွနေအောင်လုပ်ထားတာ ၊ တကယ်ဘဲ"

အားလုံးရှင်းပြီးပြီမို့ပြန်ထွက်မယ်အလုပ်သူ့ရဲ့အလုပ်စားပွဲပေါ်မှာdandelionပွင့်လေးတွေ့လိုက်ရသည် ၊ ယွန်းယူကြည့်လိုက်တော့ဟိုနေ့ကယွန်းဆီကအပွင့်လေးပင် ၊ ဘာလို့မှတ်မိလဲဆိုတော့ဒီအပွင့်လေးမှာပွင့်ချပ်လေးတခုကကြွေနေပြီးပန်းအရိုးရဲ့အရှည်ကယွန်းလက်ညှိုးနဲ့ကွက်တိဖြစ်တာလဲတူနေလို့ပင် ၊ ယွန်းလဲပန်းပွင့်လေးယူပြီးသူ့ဆီထွက်လာလိုက်တယ်။

"ဟို"

".........."

"ဒါဘယ်ကရတာလဲ"

"ဘာကြီးလဲအဲ့တာ"

"Dandelion"

"ဟမ်"

"ဒုဓလီပန်း"

"သိတောင်မသိဘူး ၊ ဘယ်ကတွေ့လို့လဲ"

"ရှင့်အခန်းက"

"မသိဘူးလေ ၊ ဒီနားမှာအဲ့အပင်လဲမမြင်ဖူးပါဘူး ၊ လေတိုက်ပြီးလွင့်လာတာနေမှာပေါ့"

"..........."

"ဘာလို့လဲ"

"ဟင့်အင်း ၊ အဲ့တာလာမေးတာ"

"အင်း စားပြီးပြီ ၊ သွားတော့မယ်"

တကယ်အံ့သြစရာပင် ၊ Dandelionအပွင့်လေးကယွန်းဆီကနေလွင့်သွားပြီးသူ့အလုပ်စားပွဲပေါ်ရောက်နေတယ်တဲ့လား။

"မာမီ"

"ဟင်"

"မာမီနဲ့ဒယ်ဒီကကွာရှင်းမလို့ယားဟင်"

ဟုတ်သား ခုနကယွန်းတို့စကားများတော့သားရှိတာကိုမေ့နေတာပင် ၊ နားလည်လွယ်တဲ့ကလေးမို့အကုန်သိသွားတဲ့ပုံဘဲ ၊ ငိုမဲ့မဲ့လေးနဲ့မေးလာလေသည်။

"အခုမဟုတ်ပါဘူးသားရဲ့"

"ခွန်းကဘယ်သူနဲ့နေရမှာယဲဟင်"

"သားကဘယ်သူနဲ့နေချင်လဲ"

မေးသာမေးရတာဒယ်ဒီနဲ့နေချင်တယ်လို့ဖြေလာမှာကိုယွန်းမှာ​တကယ်ကြောက်ပါသည်။

Unequal Love (မညီမျှသောချစ်ခြင်း)Donde viven las historias. Descúbrelo ahora