Part 31

4.4K 91 7
                                    

အပိုင်း ၃၁

Unicode

"ဟလိုခွန်းလေး"

"ဟုတ်မာမီ"

"မာမီ့ဖုန်းကိုမခေါ်နဲ့ဦးနော် ၊ ဖုန်းပိတ်ထားချင်လို့"

"ဘာလို့ယဲမာမီ"

"ဘာမှမဟုတ်ပါဘူး ၊ ဒီတိုင်း..."

"ဒယ်ဒီနဲ့ထပ်ပီးရန်ဖြစ်လို့ယားဟင်"

"မဟုတ်.."

"ခွန်းဒယ်ဒီ့ကိုပြောပေးမယ်ယေ ၊ ရန်မဖြစ်ကြပါနဲ့ယားဟင်"

"အင်းပါ မာမီတို့မဖြစ်ပါဘူး"

"ဟုတ်"

"ဒါဆိုမာမီဖုန်းချလိုက်တော့မယ် ၊ ဖိုးဖိုးဖွားဖွားတွေစကားကိုနားထောင်နော်မာမီ့ကလေးလေး"

"ဟုတ် မာမီ့ကိုခွန်းကများကြီးချစ်"

"မာမီကလဲမာမီ့အသည်းလေးကိုအများကြီးချစ်"

"တာ့တာမာမီ"

"တာ့တာခွန်းလေး"

ယွန်းဖုန်းချလိုက်တာနဲ့စက်ပိတ်လိုက်ပြီးမြို့ပြင်ကိုမောင်းလာလိုက်တယ် ၊ ဘယ်သွားရမှန်းမသိသေးပေမဲ့သေချာပေါက်တော့မြို့ထဲမှာမနေချင်ပါ ၊ မောင်းရင်းနဲ့လမ်းမှာguest-houseလေးတခုတွေ့တာမို့အဲ့ထဲကိုဘဲဝင်ချလာလိုက်တယ် ၊ ညနေပိုင်းဖြစ်နေတာမို့မြင်နေရတဲ့ရောင်နီကလဲအလွန်ပင်လှနေသည် ၊ guest-houseရဲ့တည်ဆောက်ထားပုံလေးကသပ်ရပ်တဲ့အပြင်အနောက်ဘက်အခြမ်းမှာဘဲပန်းခင်းတခုကိုလှမ်းမြင်နေရသည် ၊ ဒီလိုနေရာမျိုးရှိတယ်ဆိုတာယွန်းတကယ်မသိပေ။

"မင်္ဂလာပါရှင့်"

"ဟုတ်ကဲ့ တယောက်ခန်းရမလားရှင့်"

"ရပါတယ်ရှင့် ၊ ဒီဘက်ကိုလိုက်ခဲ့ပေးပါ"

"ဟုတ်"

"ဒီအခန်းတွေထဲကရပါမယ်ရှင့်"

ယွန်းလဲခုနကမြင်နေရတဲ့ပန်းခင်းနဲ့နီးတဲ့အစွန်ဆုံးအခန်းကိုယူလိုက်တယ် ၊ အဝတ်စားကကားထဲမှာနှစ်စုံလောက်ကိုအမြဲအပိုထည့်ထားတာမို့ပူစရာမရှိ ၊ ယွန်းလဲရေချိုးခေါင်းလျှော်လိုက်ပြီးပြတင်းပေါက်ကိုဖွင့်ကာပန်းခင်းနဲ့နေဝင်ချိန်ကိုထိုင်ကြည့်နေလိုက်တယ် ၊ ခုနကညစာအပြင်ဝိုင်ပုလင်းလဲမှာထားခဲ့တာမို့ဝိုင်သောက်ရင်းသဘာဝတရားကြီးကိုကြည့်နေရတဲ့အရသာကဘာနဲ့မှမလဲနိုင်။

Unequal Love (မညီမျှသောချစ်ခြင်း)Hikayelerin yaşadığı yer. Şimdi keşfedin