Part 17

3.9K 86 6
                                    

အပိုင်း ၁၇

Unicode

"ယွန်းရေ ငါနင့်ကွန်ဒိုအခန်းအရှေ့ရောက်နေပြီ ၊ တံခါးလာဖွင့်ပေးဦး"

"မတွေ့တာကြာပေါ့မိသွန်း"

"အလုပ်ရတော့မအားတော့လို့ပါဟယ် ၊ ငါကနင့်လိုသူဌေးကိုယောကျာ်းတော်ထားရတာမှမဟုတ်တာ"

"အော် ဘဝသမားလေးပေါ့"

"ထိုင်ပါလို့ပြောပါဦးလားယွန်းရဲ့ ၊ မောလိုက်တာ"

"မဟုတ်လဲဝင်ထိုင်ပြီးပြီဘဲကို ၊ ကြိုလဲမပြောဘဲကိစ္စရှိလို့လား ၊ ပြောပါဦး"

"ကိစ္စရှိမှလာရမှာလား"

"မဟုတ်ဖူးလေ ၊ ဘာမှမပြောထားဘဲရောက်လာလို့မေးကြည့်တာကို"

"ကိစ္စကတော့ငါ့ဘဝအတွက်ပေါ့ဟယ်"

"အင်း ပြောပါဦး"

"ကလေးကသားလေးဆို"

"အင်း ဟုတ်တယ်"

"အဟိ"

"ခုနဟာဆက်လေနင့်ဘဝကဘာဖြစ်လို့လဲ"

"အော် ငါကအခုနင့်ဆီကိုလာတာမဟုတ်ဘူး"

"ဟမ် ငါရှေ့ရောက်နေပြီကိုငါ့ဆီလာတာမဟုတ်ဖူးဆိုတော့နင့်စကားကဘာကြီးလဲ"

"ဒီလိုလေ ငါကနင့်ဆီလာတာမဟုတ်ဘူး ၊ ငါ့ယောက္ခမလောင်းဆီကိုလာနှုတ်ဆက်တာ"

"ဘာဖြစ်တယ်"

"ယောက္ခမကြီးကိုလာနှုတ်ဆက်တာလို့"

"သွန်းနင်ငါ့သားကိုကြံစည်နေတာလား"

"မေမေရယ်သမီးကိုစိတ်မဆိုးပါနဲ့"

"နှိုင်းရော သူကဘယ်ရောက်သွားလို့ငါ့သားကိုလာမှန်းနေတာတုန်း"

"သူကအိုစာနေပြီ မောင်လေးဘဲမှန်းတော့မယ် ၊ နော်မေမေ"

"ချွေးမမတော်နိုင်ပါဘူး ၊ အိုကြီးအိုမနဲ့ငါ့သားကို"

"မေမေကလဲသမီးကခုမှဘွဲ့တောင်မရသေးပါဘူး"

"ကိုကို့သွားပြောလေ ၊ ဖေဖေ့သားနဲ့သမီးကိုသဘောတူပါလားဆိုပြီး"

"အမလေး တော်ပါအေ ၊ တော်ကြာအိမ်ကိုအကောင်းတိုင်းပြန်မရောက်မှဒုက္ခ"

Unequal Love (မညီမျှသောချစ်ခြင်း)Nơi câu chuyện tồn tại. Hãy khám phá bây giờ