Part 8

4.1K 99 0
                                    

အပိုင်း ၈

Unicode

ဒီလိုနဲ့ဟော့ပေါ့စားပြီးသွန်းနဲ့နှိုင်းကတူတူပြန်ပြီးသြရကတော့ယွန်းကိုလိုက်ပို့ရသည်။

ယွန်းမိဘတွေကိုနှုတ်ဆက်ရင်းတိုင်ဖို့ကိုလဲမမေ့

"အန်တီ ယွန်းကိုနောက်ကျဂါဝန်အတိုတွေအဖော်မပါဘဲမဝတ်ခိုင်းပါနဲ့ ၊ ဒီနေ့....."

ယွန်းယောကျာ်းကြီးတန်မဲ့သူ့ကိုတိုင်နေတဲ့ကိုကို့ကိုနှုတ်ခေါင်းရှုံ့လိုက်ပြီး

"ဒီနေ့ကကိုကိုရှိတာဘဲဟာကို"

"သမီး ဒီနေ့ကသားသြရရှိပေမဲ့အကယ်၍သားသြရရောသွန်းတို့ရောမရှိရင်ဘယ်လိုလုပ်မလဲ"

"မေမေကလဲ"

"မေမေကလဲမလုပ်နဲ့ ၊ သမီးကိုစိတ်ပူလို့ပြောနေတာ"

"အန်တီရယ် ယွန်းကိုမဆူပါနဲ့တော့ ၊ သားကအခုလိုထပ်ဖြစ်မှာဆိုးလို့ပြောပြရုံပါ"

"ကျေးဇူးပါသားရယ်"

"မေမေဆူချင်ရင်ကိုကို့ကိုဆူ ၊ ယွန်းတားတာတောင်ဟိုလူ့ကိုသွားထိုးနေတာ ၊ တော်သေးတယ်အမှုတွေဘာတွေမဖြစ်လို့"

"သမီးငယ်တော်ပြီ ၊ သမီးကြောင့်သားသြရကပြသနာဖြစ်တာလေ ၊ ကျေးဇူးတင်စကားပြောလိုက်"

"မဟုတ်တာဘဲအန်ကယ် ၊ ရပါတယ်ဗျာ့"

"သားရပေမဲ့အန်ကယ်ကမရဘူး ၊ သမီးငယ်အခုကျေးဇူးတင်စကားပြောလိုက်ဆူပုတ်မနေနဲ့"

"ဟုတ်ဖေဖေ ၊ ကျေးဇူးပါကိုကို ၊ ကျန်နေတဲ့တဝိုင်းအလှည့်မှအများကြီးစားနော်"

"Ok နောက်အဖော်မပါဘဲအတိုဝတ်ဖို့မစဥ်းစားနဲ့"

"ဟာ ဒါကိုကိုသက်သက်အကျင့်မကောင်းတာ ၊ ဝတ်မှာဘဲ"

"ဝတ်ပေါ့ ၊ ဒီတခါပစ်ထားမှာ"

"နေပေါ့ ၊ လူကိုဘာမှတ်"

"ဒါဆိုကျွန်တော်ပြန်လိုက်ပါဦးမယ် ၊ ခွင့်ပြုပါဦးဗျာ့"

"ကောင်းပါပြီသား ၊ ကျေးဇူးပါကွယ်"

"ဟုတ်ရပါတယ်ဗျာ့ ၊ ယွန်းကိုယ်သွားပြီ"

"သွားပေါ့"

Unequal Love (မညီမျှသောချစ်ခြင်း)Where stories live. Discover now