အပိုင်း ၂၃
Unicode
"ကိုကြီး"
"ဗျ"
"ခနလာဦး"
"အင်း ဘာလိုလို့လဲရတီ"
"ခုနပြောလိုက်တာလေ ၊ လက်ထပ်တော့မှာဆိုတာ ၊ အဲ့တာ"
"အင်း အဲ့တာဘာဖြစ်လို့လဲ"
"မဟုတ်တာတွေလျှောက်ပြောနေတယ် ၊ ဒယ်ဒီကအတည်မှတ်သွားပြီထင်တယ်"
"ဘာမဟုတ်တာတွေလဲ ၊ ဟုတ်တာတွေလေ"
"ဒါဆိုအတည်လက်ထပ်မှာလား"
"အင်းလေ ၊ ဘာလဲ မင်းကကိုယ့်ကိုအပျော်ကြံတာလားရတီ ၊ မင်းကိုယ့်ဘဝကိုအခုလိုဘဲဖျက်စီးပြီးထားခဲ့မလို့လား"
"ဘာဖြစ်တယ် ၊ သူကဘဲနစ်နာသူဖြစ်ရဦးမယ်"
"ဒါဆိုကိုယ့်ကိုတာဝန်ယူလေ"
"တာဝန်ယူရင်ဘာပြန်ရမှာလဲ ၊ အပေးအယူတော့ရှိရမယ်လေ"
"ဘာပြန်ရမှာလဲဆိုတော့"
"အင်း"
"ကလေးလေးတွေထပ်ပေးမယ်လေ"
"ဒီတယောက်တောင်ဘယ်လိုမွေးရမှန်းမသိသေးဘူးဆိုတာသိရဲ့လား"
"အာ့ နာတယ်ရတီ ၊ ကိုယ်ကစတာလို့ ၊ လွှတ်ပါဦး"
"တော်တော်အရှက်မရှိတာနော်"
"နာလိုက်တာရတီရာ ၊ မင်းဆွဲလိမ်တာကိုယ့်ကြွက်သားတွေကွေးသွားပြီ"
"ဖြစ်ရမယ်"
"မြန်မြန်နေကောင်းအောင်လုပ်"
"ဘာလို့လဲ"
"ကိုယ်တို့လက်ထပ်ရအောင်လေ"
"တာဝန်ယူရမယ်ဆိုတဲ့စိတ်ကြောင့်ဆိုလက်မထပ်လဲရပါတယ် ၊ ရတီတယောက်ထဲအားနဲ့မွေးလို့အဆင်ပြေတယ်"
"မင်းကsingle motherလုပ်မလို့လား"
"ရတီ့ကြောင့်တာဝန်ပိုမှာဆိုးလို့"
"ကလေးအဖေတယောက်လုံးမင်းအရှေ့မှာရှိနေရက်နဲ့ဘာကိစ္စsingle motherလုပ်ရမှာလဲ ၊ လုပ်ခွင့်မပေးနိုင်ပါဘူး"
"ကလေးကြောင့်ဆိုလက်မထပ်လဲရတယ်လို့ ၊ နောက်ကျချစ်တဲ့သူရှိလာရင်ဘယ်လိုလုပ်မလဲ ၊ အဲ့ကျရတီရောကလေးရောမကောင်းဘူးလေ"
ŞİMDİ OKUDUĞUN
Unequal Love (မညီမျှသောချစ်ခြင်း)
RomantizmMarriage lifeလေးပါ♡︎ ဇာတ်လမ်းဇာတ်အိမ်ဖန်တီးမှုများအားလုံးသည်စာရေးသူ၏စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ 19.8.2022➪7.11.2022ᰔᩚ