Extra 2
Unicode
မနက်စောစောနေထွက်ချိန်အမှီထကာကမ်းခြေနားမှာလမ်းခနလျှောက်ပြီးမနက်စာစားဖို့အတွက်hotelကိုပြန်လာခဲ့လိုက်ကြတယ်။
"ယွန်း"
"ဟင်"
"ဒီကိုလာဦး"
"ပြောလေ ကြားရတယ်"
"ဒီနားလာပါဆို"
"ဘာတုန်းကိုကိုရဲ့ ၊ သူများတွေစားပွဲကိုရောက်နေပြီ"
"ကိုယ်တို့ကျွန်းသွားမဲ့ကိစ္စ"
"အင်း မနက်စာစားပြီးရင်သွားမယ်လေ"
"ကလေးတွေကရော"
"ကိုကြီးတို့နဲ့ထားခဲ့မယ်လေ"
"သုံးယောက်တောင်လေယွန်းရဲ့ ၊ ပြီးတော့ရေဆော့ကျမှာမလား"
"အဲ့တော့ကိုကိုကဘယ်လိုလုပ်ချင်လို့လဲ"
"မသိဘူး ၊ မင်းနဲ့နှစ်ယောက်ဘဲသွားချင်ပေမဲ့ထားခဲ့ဖို့ကျလဲ"
"ယွန်းဗိုက်ထဲပြန်ထည့်လိုက်ရမလား"
"ရရင်တော့ခနလောက်တောင်ပြန်ထည့်ချင်တယ်"
"ကိုကိုကတော့"
"ယွန်း နင်တို့ဘာစားမှာလဲ"
"လာပြီ လာပြီ"
"မတွေ့ရတဲ့လူတွေဆိုတော့စကားရပ်ပြောနေကြ"
"နင်ကလဲစိတ်ကိုမရှည်ဘူး"
"ဟိုကောင် မင်းဘာဖြစ်နေတာလဲ"
"ပြောစရာရှိလို့"
"ပြောလေ"
"ငါနဲ့ယွန်းကျွန်းကိုသွားချင်လို့"
"ဟိုကျွန်းလားboss ၊ ဖူးစာဖက်ရာကျွန်းလေ"
"လင်းခန့်"
"ဟဲဟဲ စတာပါဗျာ"
"အဲ့တာစားပြီးရင်သွားမလို့"
"သွားလေ ငါတို့ရောလိုက်ရမှာလား"
"မဟုတ်ဘူး ငါနဲ့ယွန်းဘဲသွားမှာ ၊ အဲ့တာမင်းတို့"
သြရလဲကလေးတွေကိုမျက်စပစ်ပြလိုက်တယ်။
"ခွေးကောင် မိန်းမနဲ့နှစ်ယောက်ထဲဒိုးမလို့ကလေးတွေကြည့်ထားပေးဆိုကြည့်ထားပေးပြောလေ ၊ လေကြောတွေကိုရှည်လို့"
YOU ARE READING
Unequal Love (မညီမျှသောချစ်ခြင်း)
RomanceMarriage lifeလေးပါ♡︎ ဇာတ်လမ်းဇာတ်အိမ်ဖန်တီးမှုများအားလုံးသည်စာရေးသူ၏စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ 19.8.2022➪7.11.2022ᰔᩚ