Part 12

4.5K 102 6
                                    

အပိုင်း ၁၂

Unicode

"ကိုကိုလေးနာရီကျော်သွားပြီနော်"

"ဟုတ်လား ၊ ခနလေး ကိုယ်လက်စသပ်လိုက်ဦးမယ်"

"ရတယ် အေးဆေးလုပ်ကိုကို ၊ ယွန်းကော်ဖီသွားဖျော်လိုက်ဦးမယ် ၊ ကိုကိုရောသောက်မလား"

"အင်း"

"ဟုတ် ဒါဆိုယွန်းယူလာခဲ့ပေးမယ်"

ယွန်းကိုကို့ကိုပြောပြီးထွက်လာခဲ့တယ် ၊ ကော်ဖီခန်းနားအရောက်မှာအထဲကနေယွန်းအကြောင်းပြောနေတဲ့စကားသံအချို့ကြားလိုက်ရတာမို့မဝင်သေးဘဲရပ်စောင့်နေလိုက်တယ်။

"အေးလေ အလကား ၊ အစောကြီးထဲကငါတို့ကကြိုမြင်သားဘဲ"

"ဟုတ်ပါ့ ၊ ရုပ်ကလေးဗန်းပြပြီးbossကိုအရယူသွားတယ်"

"သူဌေးသမီးဆိုတော့လဲပိုလွယ်တာပေါ့ ၊ CEOတို့ကိုကလဲရွှေရွှေချင်းမို့လမ်းဖောက်လိုက်တာလားမသိဘူး ၊ သူရဲ့မြေခွေးလိုအကြံကိုမမြင်ကြဘူးထင်တယ်"

"အင်းလေ ၊ အလကားကြာပန်းဖြူလေးလုပ်နေတာ"

"ဟုတ်ပါတယ်ဆို ၊ အစောကြီးထဲကbossနားကိုလိုက်ကပ်နေတာလေ"

ယွန်းဆက်ပြီးနားမထောင်နိုင်တော့တာမို့လှည့်ထွက်လာခဲ့တယ် ၊ လှေကားတခုမှာထိုင်ပြီးစဥ်းစားမိတယ် ၊ ယွန်းကတကယ်ဘဲအဲ့လိုမိန်းမဖြစ်နေလား ၊ ယွန်းအလုပ်စထဲကဒီကုမ္ပဏီမှာသူ့ကိုတကယ်ခင်တဲ့သူတွေရှိသလိုမုန်းနေကြတဲ့လူတွေရှိတာလဲသိပါတယ် ၊ အခုလိုကြီးထိယွန်းသိက္ခာကိုစော်ကားတော့ယွန်းတကယ်ဘဲစိတ်မကောင်းဖြစ်ရပါသည် ၊ ယွန်းကသူတို့အမြင်မှာတကယ်အဲ့လိုမိန်းမမျိုးဖြစ်နေတာလား ၊ ကိုကို့ကိုခနလောက်ဖြစ်ဖြစ်ရှောင်နေသင့်လား။

.........................................

သြရအလုပ်ပြီးတဲ့ထိယွန်းကရောက်မလာသေးတာမို့လိုက်လာခဲ့လိုက်တယ် ၊ ယွန်းကိုတံခါးဝမှာတွေ့လို့ခေါ်မလို့ပင်ရှိသေးဒီကောင်မလေးကပြေးထွက်သွားသည် ၊ လိုက်သွားမလို့ပေမဲ့ဘာများဖြစ်လို့လဲလို့ကော်ဖီခန်းနားအသွားကြားလိုက်ရတာတွေကြောင့်ဒေါသကအမြင့်ဆုံးရောက်သွားသည်။

Unequal Love (မညီမျှသောချစ်ခြင်း)Where stories live. Discover now