Part 28

3.6K 80 0
                                    

အပိုင်း ၂၈

Unicode

"မောင်ရေ ၊ မတို့ပြန်ရောက်နေပြီဆိုတာယွန်းလေးနဲ့ရတီလေးတို့ကိုပြောလိုက်ဦးနော် ၊ တရက်လောက်တွေ့ချင်လို့"

"ဟုတ်ပါပြီဗျာ ၊ ခနနေရင်မောင်ဖုန်းဆက်လိုက်မယ်နော်"

"အင်း"

"ခနနားပါဦးလားမရဲ့ ၊ အဝတ်တွေကနောက်နေ့မှသိမ်းလဲရတာဘဲဟာ"

"အခုလုပ်လိုက်တော့နောက်နေ့နားရတာပေါ့"

"ဒါဆိုလဲမောင်ဝိုင်းလုပ်ပေးမယ်"

"ဒါနဲ့မောင်ကဘယ်နေ့အလုပ်ပြန်ဆင်းမှာလဲ"

"တပတ်ခါမှဆင်းမယ်လို့ဒယ်ဒီ့ကိုပြောထားတယ် ၊ မကရော"

"မနက်ဖြန်ဆင်းမလားလို့"

"ဟာဗျာ မရပါဘူး ၊ နားဦး နောက်တပတ်လောက်မှဆင်း"

"အလုပ်ကိုပစ်ထားတာများပြီလေ"

"ဒါဆိုလဲမနက်ဖြန်တော့မဆင်းနဲ့ဦး"

"အင်းပါ"

"ဒါတွေကဘာတွေလဲမ"

"အော် ဒီဟာကခွန်းလေးအတွက် ၊ ဒါကခန့်လေးအတွက်"

"မောင်တောင်သူတို့အတွက်ဘာမှမဝယ်ခဲ့ရဘူး"

"ခွန်းလေးပြောတာခံရတော့မယ်"

"ဟုတ်ပါ့ ၊ သိပြီ လက်ဆောင်ရထားတဲ့သော့ချိတ်လေးပေးလိုက်မယ်"

"လက်ဆောင်ရတဲ့ဟာကိုလက်ဆောင်ပြန်ပေးမလို့လား ၊ လူလည်ကျတာဘဲ"

"ကျမှာဘဲ"

"နောက်မှကျ ၊ အခုဒီအဝတ်တွေကိုအဝတ်ခြင်းထဲသွားထည့်လိုက်နော်"

"မသဘောပါဗျာ့"

မမဝါဒီအထွန့်ရှည်ရေးအတွက်ဥက္ကဌလိုအပ်ရင်ကိုထွဋ်ခေါင်ကျော်ကိုခေါ်သင့်ပါသည် ၊ ဘာလုပ်လုပ်အမြဲ မ သဘော ၊ မ ကြိုက်တာလုပ် ၊ မ အဆင်ပြေရင်ပြီးရောဆိုတာကိုလက်ကိုင်ထားတာပင်။

.........................................

"ရသ"

"အော် မ မဒီ"

"နေ့လည်စာလာစားတာလား"

"ဟုတ်တယ်"

"တယောက်ထဲလား ၊ တို့ထိုင်မယ်နော် ရလား"

Unequal Love (မညီမျှသောချစ်ခြင်း)Where stories live. Discover now