🚦Part 1 🌆

2.6K 82 2
                                    

တိတ်ဆိတ်နေတဲ့ညရဲ့ လမ်းမီးရောင်ဖျော့ဖျော့တွေ.....

ခပ်လေးလေးလှမ်းဖြစ်နေတဲ့ ခြေလှမ်းတွေက ထုံးစံအတိုင်း တက်ကြွမနေဘူး။ အပေါ်ထပ် အကျီအပါးလေးက ထူးခြားချမ်းနေတာမျိုးမရှိသလို နွေးနေတာမျိုးတော့လည်းမဟုတ်ပြန်ဘူး။ သိပ်သဘောကျရတဲ့နေဝင်ချိန်ကို မြစ်ကမ်းပါးကနေငေးခဲ့ပြီး အရင်နေ့တွေကအတိုင်း ညရထားလေးစီးရင်း အိမ်ကိုပြန်မယ်။ ဘူတာရုံကနေ မီးပွိုင့်တွေကို တစ်ချက်ငေးကြည့်မယ် ပြီးရင် လူပြတ်နေတဲ့ လမ်းမရဲ့မီးရောင်ဖျော့ဖျော့အောက်မှာ ခပ်လေးလေးခြေလှမ်းရင်း အနားယူရမယ့်နေရာအထိ လျှောက်သွားမယ်။ ပုံမှန်တစ်နေ့တာအလုပ်တွေလိုလုပ်ဖြစ်နေတဲ့အရာတွေကြားမှာ ဘဝကိုနေသားကျထားလိုက်ရင်း အဓိပ္ပာယ်ရှိချင်ယောင်ဆောင်ဖြတ်သန်းမယ်။ တဖြည်းဖြည်းနဲ့ ခြေထောက်တွေရဲ့ခေါ်ဆောင်နေတဲ့ အနားယူရမယ့်ဆိုင်သေးသေးလေးဆီရောက်ခဲ့ပြန်ပြီ အခန်းကျဉ်းကျဉ်းလေးဆီကိုပဲဦးတည်သွားရင်း အလင်းရောင်အနည်းဆုံးထောင့်တစ်နေရာမှာ ဒူးထောင်ထိုင်ချလိုက်မိတယ်။ အပြာရောင်မီးရောင်ဖျော့ဖျော့တွေနဲ့ ဆွဲလက်စတစ်ပိုင်းတစ်စပန်းချီကားချပ်တွေကို ခပ်တွေတွေကြည့်လိုက်ရင်း ဆေးတွေပေကျံနေတဲ့စုတ်တံကို စာရွက်ဖြူတွေပေါ်တင်လိုက်တော့ တုန်ယင်နေတဲ့လက်တွေက ဘာကိုဆွဲရမယ်မှန်းမသိတော့ပြန်ဘူး။ ပုံမှန်ဖြစ်နေကြအတိုင်းတွေပါပဲ ဆေးစုတ်တံကိုပြန်လွှတ်ချလိုက်ရင်း ထောင့်တစ်နေရာမှာပဲ ခပ်ငြိမ်ငြိမ်ပြန်ထိုင်နေလိုက်တော့တယ်။ ဒီညလည်း ဒီထောင့်လေးကပဲ သူ့ရဲ့အိပ်ယာဖြစ်လာဦးမယ်ထင်ပါရဲ့...။

ရှုပ်ပွနေတဲ့အခန်းရဲ့ စာရွက်တွေကိုရှင်းဖို့မစဉ်းစားမိဘူး။ ပုံမှန်လုပ်နေကြမှမဟုတ်ပဲ
ဘယ်တုန်းကမှ အပြီးမသတ်နိုင်ခဲ့တဲ့ တစ်ပိုင်းတစ်စဆေးစုတ်ချက်တွေက မုန်းစရာ။ အလင်းရောင်မဝင်တဲ့ဆိုင်လေးက သူ့အတွက်တော့ နေချင်စဖွယ်ပဲ။ အထီးကျန်ခြင်းတွေက သိပ်လှတဲ့အရာတွေဖြစ်ကြောင်းကို လူတွေနဲ့ပြိုင်မငြင်းချင်တော့ဘူး။

တဖြည်းဖြည်း ညနေစောင်းလာတာနဲ့ မြစ်ကမ်းရဲ့လူအရှင်းဆုံးတစ်နေရာဆီကိုဦးတည်မိပြန်ပြီ။ နှစ်လဆိုတဲ့အချိန်အတွင်းမှာလုပ်လေ့ရှိတဲ့အရာတွေကို အထူးတလည်မှတ်နေစရာမလိုတော့ဘူး။ အလိုလိုမှတ်မိနေတဲ့ ခန္ဓာကိုယ်ရဲ့ခေါ်ဆောင်ရာကိုလိုက်ရုံပဲ။

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now