🚦part 14 🌆

288 24 5
                                    

သူတို့ကြားကရက်တွေက ဘယ်လိုကုန်လို့ကုန်မှန်းမသိ ခပ်မြန်မြန်ကုန်ဆုံးလာခဲ့တယ် မနက်ဖြန်ဆိုရင် ဒီကောင်လေးကရှောင်ကျန့်ဆီကနေပြန်ထွက်သွားတော့မှာဖြစ်တယ် ရှောင်ကျန့်က သူ့ရဲ့ဆုတောင်းလို ငိုပြီးဖက်ထားမိတဲ့လူမဖြစ်ချင်ဘူး

တွေးမိတာနဲ့ကျလာတဲ့မျက်ရည်တွေကိုရှောင်ကျန့်ကပဲအမြန်ဖယ်ပစ်ရတယ် သူ့ရဲ့ခါးပေါ်ကရိပေါ်ဆိုတဲ့ကောင်လေးရဲ့လက်တစ်ဖက်ကလှုပ်လာတာဖြစ်တယ်

ရှောင်ကျန့်ရဲ့အိမ်ပြေးလေးနိုးနေပြီ

"ခင်ဗျားကိုချစ်တယ်..."

သူအိပ်နေတယ်အထင်နဲ့နှုတ်ခမ်းကနေခပ်တိုးတိုးဆိုလိုက်တဲ့စကားကိုရှောင်ကျန့်ကစိတ်ထဲကနေပဲအသိအမှတ်ပြုလိုက်တယ် ရိပေါ်ရှိတဲ့ဘက်ကိုမျက်နှာချင်းဆိုင်လှည့်ရင်း ခေါင်းကိုဖွဖွလေးပွတ်ပေးပြီးပြန်ဖြေဖြစ်တယ်

"ငါ ခွင့်မပြုဘူး..."

"အင်း...ခင်ဗျားသဘောပါပဲ"

ရိပေါ်က ဒီတစ်ခုတော့နားမထောင်နိုင်ဘူးဆိုတာရှောင်ကျန့်သိသလိုရိပေါ်ကိုယ်တိုင်လည်းသိပြီးသားဖြစ်တယ်။ ဒီတစ်ကြိမ်တော့ ရိပေါ်ကစကားနားထောင်ခဲ့တာမဟုတ်ဘူး။ ရှောင်ကျန့်ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ သူကတော့ရှောင်ကျန့်ကိုဆက်ချစ်နေဦးမယ်ဆိုတဲ့အကြောင်းကိုရည်ညွှန်းတာဖြစ်တယ်
သူ့ရှောင်ကျန့်နားလည်ပါ့မလား

တစ်စတစ်စပိုတိုးချည်လာတဲ့ကြိုးတွေကိုရှောင်ကျန့်ကပဲအသည်းအသန်ဖြတ်ချနေရပေမယ့် ရိပေါ်ကတစ်ရစ်ချင်းထပ်ချည်တယ် ဖြတ်ချလိုက်တဲ့လူကိုအပြစ်ပြောကြမယ်ဆို ဖြတ်ချလိုက်ရတဲ့လူရဲ့လက်မှာ ရှသွားတဲ့အရာကိုဘယ်သူကြည့်ပေးကြလဲ။ ထပ်ချည်ရတဲ့လူရဲ့လက်လဲနာသလို ဖြတ်ချရတဲ့လူရဲ့လက်လဲနာတယ်
ဇာတ်ကြောင်းတစ်ခုလုံးမှာ နှစ်ဖက်လုံးက နစ်နာသူတရားလိုတွေချည်း...

ရိပေါ်က အစောတည်းကရှောင်ကျန့်ဆီကိုအတင်းတိုးမဝင်ခဲ့သင့်ဘူး
ရှောင်ကျန့်ကိုယ်တိုင်ကလည်း ခွင့်မပြုခဲ့သင့်ဘူး

ဇာတ်ကြောင်းအစထိပြန်လှန်ကြည့်ရင်အစအဆုံးမှားခဲ့တဲ့လူက သူကိုယ်တိုင်ပဲဖြစ်တယ်လို့ရှောင်ကျန့်ကမှတ်ယူတယ်

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now