မှိန်ဖျဖျမီးအပြာရောင်တွေပဲရှိတဲ့အခန်းတစ်ခုက ရိပေါ်ကိုဆီးကြိုနေတယ်။ဟိုတစ်စဒီတစ်စနဲ့လက်စမသတ်တဲ့စာရွက်တွေ။ရှောင်းကျန့်ကတစ်ခုခုကိုပုံဖော်ဖို့ကြိုးစားနေသလိုပဲ။ပြန့်ကျဲနေတဲ့စာရွက်ဖြူဖြူတွေနဲ့ဆေးရောင်စုံတွေက ရိပေါ်ကိုထူးဆန်းစေမယ်လို့ရှောင်းကျန့်ကထင်ခဲ့တာ။ဒါပေမယ့်ရိပေါ်အတွက်ဘာမှမဟုတ်သလိုပဲ။
"သိမ်းပေးရမလား"
"နေပါစေကျန့်ကော ရှိလက်စအတိုင်းပဲထားလိုက်ပါ"
ရိပေါ်ကရှောင်းကျန့်ရဲ့ကိုယ်လေးကို ကုတင်နားထိထိန်းခေါ်သွားပေးတယ်။ရှောင်းကျန့်ကိုလှဲအိပ်ခိုင်းလိုက်ရင်း ရင်ဘတ်နားထိစောင်ခြုံပေးလာတာ သူ့အိမ်သူယာအတိုင်းပဲ။ခေါက်ရိုးကျိုးနေတဲ့စောင်တွေက သေးသေးလေးတောင်တွန့်ကြေမနေဘူး။သူ့ရဲ့ရှောင်းကျန့်က ကုတင်ပေါ်မှာအိပ်ရတာလည်းမကြိုက်ပုံပဲ။ရိပေါ်ကအလိုက်တသိ အလိုလိုက်ပေးချင်ပေမယ့် ဒီညတော့မဖြစ်ဘူး။သူ့ရဲ့ရှောင်ကျန့်ဖျားနေတယ်။
"ကျန့်ကော ကျွန်တော့်ကိုခဏစောင့်နေနော်"
"အင်း"
"အိပ်ချင်ရင်ခဏအိပ်နှင့် ကျွန်တော်ပြန်လာခဲ့မယ်"
ရိပေါ်ကရှောင်းကျန့်ရဲ့လက်ချောင်းလေးတွေကို ခဏဆုပ်ကိုင်ထားတယ်။ပြီးတာနဲ့ထွက်သွားတယ်။ရိပေါ်ထွက်သွားတော့မှရှောင်းကျန့်ကအံဆွဲထဲကဒိုင်ယာရီလှလှလေးကိုရေးဖို့အတွက်အခွင့်အရေးရတာလေ။
ဒီနေ့ချရေးလိုက်တဲ့စာလုံးလေးတွေမှာ ပုံမှန်မဟုတ်ခြင်းထက်ပိုတဲ့ အရာတွေအများကြီးပါဝင်တယ်။ဥပမာ ဒီကောင်လေးလိုမျိုး ငြိတွယ်လွယ်တဲ့အရာတွေလိုမျိုး စွဲလမ်းခြင်းတွေလိုမျိုးအကြောင်းတွေ....
ခဏအကြာစာအုပ်လေးသိမ်းအပြီးအိပ်ယာထဲကိုလှဲနေတဲ့အချိန်မှာပဲရိပေါ်ပြန်ရောက်လာတယ်။လက်ထဲမှာ ရေဇလုံတစ်လုံးနဲ့ပုဝါအဖြူရောင်လေးတစ်ထည်။
"ဘာလုပ်ဖို့လဲ"
"ရေပတ်တိုက်ပေးမလို့"
"......"
"ကျွန်တော်တော်တော်ရှာခဲ့ရတယ်"
ရှောင်းကျန့်အတွက်ဖျားနာတယ်ဆိုတာပုံမှန်လိုတောင်ဖြစ်နေခဲ့ပြီ။ထူးခြားပြီးဂရုစိုက်တဲ့လူမရှိခဲ့သလို သူကိုယ်တိုင်ကလည်းထူးခြားပြီးဂရုမစိုက်ခဲ့ပါဘူး။အထီးကျန်ခြင်းတွေကြားမှာ နေသားကျလာခဲ့တဲ့လူမလို့လည်း အထီးကျန်ခြင်းတွေကိုနှစ်သက်တာဖြစ်မယ်။ဒါမှမဟုတ် သူကိုယ်တိုင်ကလည်းအထီးကျန်ခြင်းတွေထဲကတစ်ခုဖြစ်နေနိုင်တယ်။
YOU ARE READING
|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]
FanfictionBJYX burmese fanfiction and creation, thoughs (not plot) inspired from Driver License by Oliva Rodrigo ♡.