တုန်နေတဲ့ပုခုံးလေးကိုရှောင်ကျန့်ကဖွဖွလေးပဲပြန်ဖက်ထားပေးခဲ့တာ။ရှောင်ကျန့်ရဲ့မသိကျိုးကျွန်ပြုခြင်းတွေထဲမှာရိပေါ်ကနေသားကျတယ်လို့ဒီလူကထင်ခဲ့ပုံပါပဲ
"လိမ္မာတာမလို့စကားနားထောင်မယ်မလား"
"........"
"ရိပေါ်....."
"အင်း....ခင်ဗျား...သဘောပါပဲ"
ရိပေါ်ကဒီလူစိတ်ချမ်းသာဖို့ဘာမဆိုလုပ်မှာ။ဒါပေမယ့် သူကနေရာတစ်ခုတောင်မရခဲ့တာတော့ရင်နာစရာကောင်းတယ်မလား
"မြင်လား...ရိပေါ်...ဟိုမှာ..."
ရိပေါ် ရှောင်ကျန့်ပြတဲ့နေရာကိုလှမ်းကြည့်မိတော့ ညရဲ့လမ်းမီးတွေက လူပြတ်နေတဲ့လမ်းမပေါ်ဖြာကျနေတာ...
"အထီးကျန်တာက မလှဘူးလား..."
"အင်း...လူတွေနဲ့ပြိုင်ငြင်းစရာမလိုလောက်အောင်လှတယ်"
ရိပေါ်ရဲ့စကားကိုကြားတော့ရှောင်ကျန့်ကရယ်တယ်
ဒီကောင်လေးကသူ့စကားတွေရဲ့အသေးစိတ်ကအစမှတ်ထားတတ်တာပဲ...
အခန်းရဲ့ပြာဖျော့ဖျော့မီးရောင်တွေအောက်မှာရှောင်ကျန့်ရဲ့လက်တွေက ပန်းချီကားတစ်ချပ်ပေါ်မှာရွေ့လျားနေတယ်။သူမမှန်းဆတတ်တဲ့အဖြူရောင်အုပ်ထားတဲ့ပန်းချီကားချပ်တွေအစား အနက်ရောင်နဲ့အမြဲအုပ်ထားတတ်တဲ့ပန်းချီကားလေးတစ်ချပ်ကိုပိုအလေးပေးမိတယ်
ရိပေါ်ဆိုတဲ့ကောင်လေးအခန်းထဲကိုဝင်မလာခင်အထိပဲသူကအချိန်ရတာ...."ကျန့်ကော...."
"ရိ...ရိပေါ်..."
"အင်း..."
"နွားနို့လေးနည်းနည်းသောက်ပါ့လား"
အနက်ရောင်ပိတ်စနဲ့အလျင်အမြန်ပိတ်ပစ်ခံလိုက်ရတဲ့ပန်းချီကားလေးကိုရိပေါ်ကတစ်ချက်တောင်စောင်းမကြည့်ဘူး။ဒီလူကမမြင်စေချင်မှတော့ရိပေါ်ကကြည့်ဖို့စိတ်ကူးမရှိဘူး
"ဘာလို့လဲ"
"ခင်ဗျားကတအားပိန်လွန်းတော့ ကျွန်တော်စိတ်မချလို့ပါ"
"ငါသေမှာဆိုးလို့လား"
"ကျန့်ကော!"
"ဟမ်..."
YOU ARE READING
|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]
FanfictionBJYX burmese fanfiction and creation, thoughs (not plot) inspired from Driver License by Oliva Rodrigo ♡.