🚦part 19 🌆

291 19 2
                                    

"ခင်ဗျား ကျွန်တော့်ကိုဘယ်လိုသတ်မှတ်ထားတာလဲကျန့်ကော"

"မရင့်ကျက်သေးတဲ့ကောင်လေး"

အဲ့ဒါအပြင်...

ငါ့ရဲ့အိမ်ပြေးလေး
ငါ့ရဲ့ညီမျှခြင်းလေး
ငါ့ရဲ့ဉာဏ်များတဲ့ကောင်လေး

"ခင်ဗျားသိလား ကျွန်တော့်မှာမိသားစုနဲ့ခင်ဗျားကလွဲရင်ဘယ်သူမှမရှိဘူးဆိုတာ..."

"အင်း"

ပြန်မေးကြည့်ချင်လိုက်တာ....
ငါကရော...?

နောက်ကိုပြန်လှည့်ကြည့်လိုက်ပါရိပေါ်
ငါ့မှာမင်းပဲရှိခဲ့ဖူးတာ

"ကျွန်တော်တို့တစ်ကယ်ပဲအဆုံးသတ်လိုက်ကြတော့မှာလား"

"ရိပေါ်သိလား...
တစ်ကယ်တော့...အစတည်းကမစသင့်ခဲ့တာ"

"......"

"ငါတို့ဆက်မပတ်သတ်ကြရအောင်ရိပေါ်"

"ဟင်း....."

သက်ပြင်းတစ်ခုကိုလေးလေးပင်ပင်ချပြီးမှ ပြုံးပြီးပြန်ဖြေလာခဲ့တာ...
ဒီကောင်လေးက သူ့ကိုဘယ်တုန်းကမှစိတ်မပျက်စေခဲ့ဘူး

"အင်း...ခင်ဗျားသဘောပါပဲ"

"ကျေးဇူးတင်ပါတယ်ရိပေါ်"

ပြီးတော့...တောင်းပန်ပါတယ်

"ခင်ဗျားကကျွန်တော့်ရဲ့ သွေးတော်သားစပ်တဲ့မိသားစု"

"....."

"အဲ့တာကျွန်တော်သတ်မှတ်ထားတဲ့အရာပဲ"

"မိသားစုဆိုတာကိုသေချာနားလည်လားရိပေါ်"

"နားလည်ပါတယ်"

"အင်းပါ...ပြန်...ပြန်တော့လေ"

"ကျွန်တော်ကိုယ်တိုင်ပဲအဖြေရှာပါ့မယ်
ဘာလို့ခင်ဗျားနားမှာရှိနေလို့မရလဲဆိုတာ...
ခင်ဗျားကသဲလွန်စနည်းနည်းလောက်ပဲပေးနိုင်မလား"

"ဘယ်ရထားလမ်းကမီးပွိုင့်ကများအစိမ်းနဲ့အနီတစ်ပြိုင်နက်လင်းတာမြင်ဖူးသလဲရိပေါ်"

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Tempat cerita menjadi hidup. Temukan sekarang