🚦part 23 🌆

463 33 13
                                    

"ကျိုးချန်ကော....ဒါက...!"

ပြုံးနေတဲ့ကျန့်ကောကိုသူသဘောကျတယ်ဆိုတာ ဒီလိုမျိုးတွေ့ရဖို့မဟုတ်ဘူးလေ

"ကျန့်ကော....မဟုတ်ဘူးမလား!"

"ခင်ဗျားပြော! ခင်ဗျားကျွန်တော့်ကိုလိမ်တာမလားကျန့်ကော!"

"ကျန့်ကော အဲ့လိုမစပါနဲ့...."

"ရိပေါ်..."

"......"

"ရှောင်ကျန့်ကနောက်ဆုံးအကြိမ်မင်းပွေ့ဖက်ထားတာကိုလိုချင်ခဲ့တာ"

မပြောဘူးလို့ရည်ရွယ်ခဲ့ပေမယ့် တောင်းပန်ပါတယ် ရိပေါ်ကိုအသိပေးလိုက်တော့မယ်

ခပ်တင်းတင်းပွေ့ဖက်ထားတဲ့ကျောက်တိုင်လေးကိုဝမ်ရိပေါ်ကအကြိမ်ကြိမ်ခပ်ဖွဖွနမ်းတယ်...
ပြီးရင် လူတစ်ယောက်လိုမျိုးနူးနူးညံ့ညံ့ကြည့်ရင်းပြုံးပြတယ်

"ကျန့်ကော...ကျွန်တော်ဖက်ထားပေးပြီလေ..."

"ခင်ဗျားဖြစ်ချင်တာကျွန်တော်အကုန်လုပ်ပေးမှာခင်ဗျားရဲ့"

"ကျန့်ကောကထပ်ပြီးကတိဖျက်ဦးမလို့လား!"

"ကျွန်တော်ဖက်ထားပေးနေတယ်လေခင်ဗျားရာ ဒီလောက်ဆိုရင်ထလာရတော့မယ်မလား"

"ကျိုးချန်ကော...ကျွန်တော်ဖက်ထားတာလျော့နေသေးလို့များ ကျန့်ကောကထမလာတာလား"

"ရိပေါ်..."

စိတ်အေးအေးထားဖို့ပြောလို့ဘယ်ရပါ့မလဲ ချစ်ရတဲ့သူကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်....
ကိုယ်ချင်းစာပေးဖို့ကထင်သလောက်မှမလွယ်ပဲ..

"ကျန့်ကော...ကျွန်တော်ကနေရာလပ်မရှိအောင်ဖက်ထားပေးမယ်...နော်...ကျန့်ကော..."

လေတိုးစရာတောင်မရှိတော့တဲ့အထိ ကျောက်တိုင်သေးသေးလေးကိုရိပေါ်ကတစ်စထက်တစ်စပိုတိုးဖက်ထားပေးတယ် ပွန်းပဲ့လာတဲ့လက်တွေကဂရုစိုက်စရာမှမဟုတ်တာလေ...

ဒီအတိုင်းဆို သူ့ရှောင်ကျန့်ရဲ့လက်တွေအေးလာလိမ့်မယ် သူသာတင်းတင်းကျပ်ကျပ်ဖက်ပေးထားရင်း သေချာပေါက်နွေးသွားမှာ...
အဲ့တာဆို...ရှောင်ကျန့်ကပြန်နိုးရင်နိုးလာမှာ...

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Donde viven las historias. Descúbrelo ahora