1နှစ်ခန့်ကြာပြီးနောက်....
"တောင်းပန်ပါတယ် ကျွန်တော်မလာဖြစ်ခဲ့လို့"
ကျောက်တိုင်လေးရဲ့ရှေ့မှာခြေစုံရပ်ရင်း ပြုံးနေတဲ့ဓာတ်ပုံလေးကိုခပ်ဖွဖွထိတွေ့ရင်း ရိပေါ်ကပြုံးတယ် 1နှစ်ကြာပြီးတာတောင် စိုစွတ်စွတ်အရာတွေကမျက်နှာပေါ်ခပ်ဖွဲဖွဲကျလာနေတုန်း...
"ကျန့်ကော...ကျွန်တော် ခင်ဗျားနဲ့အတူနေခဲ့တဲ့အိမ်လေးဆီပြန်တော့မယ်"
"ကျွန်တော်ဆုံးဖြတ်ခဲ့ပြီးပြီ"
"ခင်ဗျားနဲ့အတူရှိခဲ့တဲ့နေရာမှာပဲ ကျွန်တော်ပျောက်ကွယ်သွားမယ့်အချိန်အထိ နေမယ်လို့ဆုံးဖြတ်လိုက်ပြီ"
"ကျွန်တော်ဆိုတာမရှိတော့တဲ့တစ်ချိန်ကျမှ ဒီနေရာကိုကျောက်တိုင်လေးတစ်တိုင်အဖြစ်ပြန်လာမယ်"
"စိတ်ဝိညာဉ်ကခင်ဗျားလက်ကိုဆွဲရင်း နောက်ထပ်သံသရာတစ်ထောင့်ကိုလိုက်ရှာမယ်"
"ကျိုးချန်ကောကဒါလေးပေးထားပေမယ့် ကျွန်တော်နားမထောင်ရသေးဘူး"
"အမှန်တော့နားမထောင်ရဲလို့လေ..."
"အခု...ကျွန်တော်နားထောင်ဖို့အချိန်တန်ပြီထင်တယ်"
တီ...တီ...
အဟင်း...အဟင်း...အဟမ်း...
ဟယ်လို...ဟယ်လို...
ကြားရပါသလား...
မရင့်ကျက်သေးတဲ့ကောင်လေးဝမ်ရိပေါ်ကြားပါသလား...ရွှတ်နောက်နောက်ပြောနေတဲ့ဒီလူရဲ့စကားသံမှာရိပေါ်ကသွားလေးတွေပေါ်တဲ့အထိရယ်တယ်
အင်း....
ပြုံးနေမိတဲ့နှုတ်ခမ်းရယ် မျက်နှာပေါ်ကစိုစွတ်စွတ်အထိအတွေ့ရယ်ပေါ့....နာမည်ကရှောင်ကျန့်လို့ခေါ်ပါတယ် ကျန့်ကောလေ မင်းရဲ့ကျန့်ကောပါရိပေါ်
YOU ARE READING
|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]
FanfictionBJYX burmese fanfiction and creation, thoughs (not plot) inspired from Driver License by Oliva Rodrigo ♡.