ခပ်လေးလေးလျှောက်နေမိတဲ့ခြေလှမ်းတွေမှာ ဘေးကကောင်လေးတစ်ယောက်မပါတော့တာကိုရှောင်ကျန့်ကမေ့ထားချင်တယ် နေဝင်ချိန်တွေကြည့်တုန်းကလည်း သူတစ်ယောက်တည်း အခုအပြန်လမ်းမှာလည်းသူတစ်ယောက်တည်းရယ်..
သူ့ရဲ့ကိုယ်ပေါ်ကရှပ်အကျီအဖြူက တခြားရှပ်အကျီတွေထက်နည်းနည်းပိုထူတယ် အေးစက်စက်နဲ့လက်ဖျားတွေက ရိပေါ်မရှိတုန်းကလိုပဲတစ်ကယ်ပါပဲ.....
ရှောင်ကျန့်ရဲ့ကမ္ဘာကချက်ချင်းပြောင်းလဲသွားလိုက်တာများ....နောက်ကတစ်ကောက်ကောက်လိုက်ကြည့်နေတတ်တဲ့မင်းမရှိတဲ့နောက်
အိမ်ပြန်ချိန်တွေလည်း မလှတော့ဘူး
လူပြတ်နေတဲ့လမ်းရဲ့မီးရောင်ဖျော့ဖျော့တွေလည်းမလှတော့ဘူး
ဆုပ်ကိုင်နေကျလက်တစ်ဖက်လည်း အရင်လိုမနွေးတော့ဘူးလက်ဖဝါးတစ်ဖက်မှာဝေ့ဝဲနေတတ်တဲ့ အာငွေ့နွေးနွေးလေးတွေက သူသဘောကျရတဲ့လူဆီကလာတာဖြစ်တယ်
ဟား....
လက်သီးဆုပ်လေးနှစ်ခုကို နှုတ်ခမ်းနားတေ့လိုက်ရင်း အာငွေ့ပေးလိုက်မိတယ်
ဘာလို့ပါလိမ့်....
နွေးတယ်လို့မခံစားရဘူး...ခဏအကြာရောက်လာတဲ့ရထားဘူတာရဲ့ မီးပွိုင့်တွေရှေ့မှာ ရှောင်ကျန့်ကပုံမှန်အတိုင်းရပ်တယ် ဒါပေမယ့်သူ့ရဲ့အကြည့်တွေက အရင်လိုအနီရဲရဲမီးပွိုင့်တွေဆီမှာမရှိတော့ဘူး တစ်ချိန်လုံးငေးကြည့်နေမိတဲ့ ရထားဘူတာရဲ့အစွန်ဆုံးမှာ သူ့ကိုအမြဲလိုက်ကြည့်နေတတ်တဲ့ကောင်လေးတစ်ယောက်ရှိခဲ့ဖူးတယ် စတွေ့တုန်းကဒီလောက်အကွာအဝေးလေးမှာပဲ....
ခပ်လှမ်းလှမ်းကနေလှမ်းကြည့်နေတတ်တဲ့ကောင်လေးကအခု ဘယ်သူ့ကိုများကြည့်နေမလဲ ရင်မောစရာကောင်းတဲ့အရာတွေကိုလည်း ရှောင်ကျန့်ကမတွေးကြည့်ချင်တော့ပါဘူးကျန့်ကော....
သူသေချာကြည့်နေမိတဲ့ ပုံရိပ်ယောင်လေးက လက်တစ်ဖက်ကိုဝှေ့ယမ်းရင်း သူ့ကိုပြုံးပြနေတုန်းပဲ
"ရိပေါ်....."
"ငါတို့သာ ဒီအကွာအဝေးအတိုင်းပဲရှိခဲ့ရင်...
ပိုပြီးမနီးကပ်ခဲ့ရင်....
ငါသာ မင်းနဲ့မပတ်သတ်ချင်ဘူးလို့အားမနာတမ်းပြောခဲ့ရင်...
အခုချိန်ဆို...မင်းအဆင်ပြေနေလောက်မယ်ထင်တယ်နော်"
YOU ARE READING
|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]
FanfictionBJYX burmese fanfiction and creation, thoughs (not plot) inspired from Driver License by Oliva Rodrigo ♡.