🚦Extra 🌆

1.2K 50 18
                                    

ဘယ်ဆီကိုလွင့်မှန်းမသိတဲ့သစ်ရွက်လေးတွေလို ရိပေါ်ရဲ့စိတ်တွေကအချည်နှောင်မဲ့ရင်း...

ဘယ်တော့ပြန်ဆုံမလဲ တစ်ချိန်ချိန်ဆိုတာကို တွေးမထားရင်း သံသရာတစ်ကွေ့တိုက်မိချင်တဲ့အချိန်တိုက်မိပါစေဆိုတဲ့စိတ်နဲ့ လိုက်ရှာခဲ့ရုံ...

သူ ကြောက်ပါတယ် ယောင်လို့တောင်လက်ဖျားနဲ့မထိရဲပါဘူး မတော်တဆများ မီးခိုးငွေ့တွေလိုပျောက်ကွယ်သွားခဲ့ရင် ဒုတိယအကြိမ်ဘယ်စိတ်နဲ့အသက်ဆက်ရှင်ရမလဲ

အခုချိန်မှာသူ့ရဲ့ရှောင်ကျန့်ကကောင်းကင်ပေါ်မှာမကြွေတဲ့ကြယ်လေးအဖြစ်ရှိနေလိမ့်မလား

ရထားရပ်တာနဲ့ အနောက်ကိုလှည့်ကြည့်လာတဲ့အဲ့ဒီလူရဲ့မျက်လုံးတွေကသိပ်လှတာပဲ ရိပေါ်ကနောက်တစ်ခေါက်လောက်သာထပ်ကြည့်ခွင့်ရမယ်ဆိုရင်....

သူ့ကိုမြင်တာနဲ့ရထားပေါ်ကနေပြေးဆင်းသွားတဲ့လူကြောင့် ရိပေါ်ရဲ့အားမရှိတဲ့ခြေထောက်တွေကအားကုန်သုံးရင်းအပြေးလိုက်မိတော့တာပဲ
ပုံရိပ်ယောင်လေးပဲဆိုရင်တောင် ဘယ်နေရာကိုအပြေးသွားနေတာလည်းသိချင်မိတာမလို့...

လူပြတ်တဲ့လမ်းမရဲ့မီးရောင်ဖျော့ဖျော့တွေအောက်မှာ ခြေလှမ်းကျဲကျဲတွေနဲ့ပြေးနေတဲ့လူတစ်ယောက်ရဲ့နောက်ကိုရိပေါ်ကအပြေးလိုက်လာခဲ့တယ်
နည်းနည်းပဲလိုတဲ့အကွာအဝေးမှာ ခါးဆီကိုလက်တစ်ဖက်နဲ့ဖမ်းဆွဲရင်း နောက်ကနေခပ်တင်းတင်းပွေ့ထားမိတော့ ရုန်းနေတဲ့ကျောပြင်လေးကိုအလိုမလိုက်ပဲပိုတိုးဖက်ထားမိပြန်တယ်

သူ့ရှေ့ကပုံရိပ်လေးက ရိပေါ်ထင်သလို မီးခိုးငွေ့တွေ့အဖြစ်ပျောက်ကွယ်မသွားခဲ့ပါဘူး

"ကျန့်ကော..."

နောက်ကျောပေါ်ကစိုစွတ်စွတ်အထိအတွေ့မှာ ကောင်လေးတစ်ယောက်ကသူ့ကျောပေါ်ကိုမျက်နှာအပ်ရင်းငိုနေတော့တာပဲ

"အင်း"

အင်း လို့ပဲပြန်ထူးလာတဲ့လူကိုရိပေါ်ကသေချာငေးကြည့်တယ် သူကြောက်နေတုန်းပဲ...

"တောင်းပန်ပါတယ် ကျွန်တော့်ကိုတစ်ယောက်တည်းထပ်ထားခဲ့ပါနဲ့"

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now