🚦part 3 🌆

655 39 0
                                    

လမ်းမီးရောင်ဖျော့ဖျော့တွေက သူ့အပေါ်ကိုဖြာကျနေတယ်။ သူစောင့်နေတဲ့လူ ထွက်မလာသေးဘူး။ အိမ်ပြန်ချိန်တစ်လျှောက်နောက်ကလိုက်ပို့ပေးဖို့ပဲရည်ရွယ်ခဲ့ပေမယ့် မထိန်းချုပ်နိုင်တဲ့စိတ်တွေက ဒီလူရှိတဲ့အရပ်ဆီကိုပဲခြေလှမ်းနေမိတယ်။အသွားမှာ ခင်ဗျားနဲ့အတူတူနေဝင်ချိန်တွေကိုလိုက်ကြည့်ချင်တယ်။အပြန်မှာခင်ဗျားကိုလိုက်ပို့ရင်း ညရထားလေးစီးမယ်။ အနီရောင်မီးပွိုင့်တွေကိုခင်ဗျားကငေးနေတဲ့အချိန် ကျွန်တော်ကခင်ဗျားကိုမလွတ်တမ်းကြည့်မယ်။ ပြီးရင် လမ်းမီးရောင်ဖျော့ဖျော့တွေအောက်မှာလမ်းလျှောက်ရင်း ခင်ဗျားကိုဒီတစ်နေ့စာအတွက်နှုတ်ဆက်မယ်။တစ်ကယ်တမ်း ခင်ဗျားမသိတဲ့ကျွန်တော့်ကမ္ဘာကရိုးရိုးရှင်းရှင်းရယ်...။

အိမ်အပြင်ကိုထွက်လာတဲ့လူက သူ့ကိုတွေ့တော့အံ့ဩသွားတဲ့ပုံသေးသေးလေးတောင်မရှိခဲ့။ဒီလူရဲ့အခုလိုပုံစံကပဲ ရိပေါ်ဒီလူကိုစိတ်ဝင်စားမိခြင်းမှာ တစ်ချက်အပါအဝင်ဖြစ်တယ်။
အဖြူရောင်ရှပ်တွေနဲ့အနက်ရောင်စတိုင်ပန့်တွေဒီလူမှာ ဘယ်လောက်များများရှိလိမ့်မလဲ။ ဒီနေ့လည်းမပြောင်းမလဲ ဝတ်နေကျပုံစံနဲ့ပဲဒီလူက ရိပေါ်ကိုဖမ်းစားခဲ့ပြန်တယ်။

"ကျန့်ကော ကျွန်တော်တို့သွားကြတော့မလား"

"........"

သူ့ကိုမမှိတ်မသုန်စိုက်ကြည့်နေတဲ့လူကိုရိပေါ်ပြန်ပြုံးပြလိုက်မိတယ်။ဒီလူက တစ်ကယ်ကိုအေးစက်စက်နိုင်လွန်းတယ်။

အနည်းငယ်ဝေးနေတဲ့အကွာအဝေးက ရိပေါ်အတွက်သက်ရောက်မှုမရှိဘူး။ ရိပေါ်ကို ဒီလူကဝေးဝေးနေဖို့ပြောထားသ၍သူကနာခံနေဦးမှာဖြစ်တယ်။

"ဘာလို့လဲ"

ပြတ်ပြတ်သားသားမေးလာတဲ့ ရှောင်းကျန့်ရဲ့စကားသံအဆုံးမှာရိပေါ်က အာစေးမိသွားသလိုပဲ။

"ဟင်?"

"ဘာလို့လဲ?"

ရှောင်းကျန့်က အလားတူတဲ့မေးခွန်းကိုပဲနောက်တစ်ကြိမ်ထပ်မေးခဲ့တယ်။

"ခင်ဗျားနဲ့ပတ်သတ်ချင်လို့ပေါ့"

"ငါက မပတ်သတ်ချင်ဘူးဆိုရင်ရော...?"

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Donde viven las historias. Descúbrelo ahora