အရောင်သေချာမတင်ထားတဲ့စားပွဲပေါ်မှာ ပူပူနွေးနွေးခေါက်ဆွဲတစ်ပန်းကန်။ ရှောင်းကျန့်က ခေါက်ဆွဲတွေကို စားချင်သလိုမစားချင်သလိုပုံစံနဲ့ တူနဲ့ထိုးဖွနေတယ်။
"ကျန့်ကော ခေါက်ဆွဲမကြိုက်ဘူးလား"
"ဒီလိုပါပဲ"
"ခင်ဗျားအတွက် ကျွန်တော်လုပ်လာပေးတာ"
သူ့ရှေ့ကကောင်လေးရဲ့စကားအဆုံး ရှောင်းကျန့်ရဲ့လက်တွေက ခေါက်ဆွဲကိုစားဖို့ခပ်မြန်မြန်လှမ်းနေမိပြီ။ အဲ့ဒါတွေကြောင့်ပဲ ထိန်းချုပ်မရတဲ့စိတ်တွေကိုရှောင်ကျန့်ကမုန်းတာ...။
ရှောင်းကျန့်ရဲ့ပါးစပ်ထဲကို ခေါက်ဆွဲတစ်လုပ်ရောက်သွားတော့ ရိပေါ်က ဘေးကတစ်ရှူးတစ်စကိုအမြန်ဆွဲထုတ်ပေးလိုက်တယ်။ ရိပေါ်အဲ့ဒီလောက်ထိအလိုက်သိတာကို ရှောင်းကျန့်ကအသိအမှတ်ပြုပေးရင်ကောင်းမယ်။
"စားလို့အဆင်မပြေဘူးလားကျန့်ကော"
"ရတယ်"
သူရဲ့အဖြေကိုကြားတဲ့အထိ ရိပေါ်ကစိတ်အေးတဲ့ပုံမပေါ်ဘူး မျက်ခုံးလေးနှစ်ခုကိုကျုံ့ရင်းအလိုမကျနေသလိုပဲ။
"သေချာရဲ့လားကျန့်ကော"
"အ...အင်း"
ဒုတိယအကြိမ်မြောက်ထပ်ဖြေပေးလိုက်မှ သက်ပြင်းတစ်ချက်ချရင်း သူဖျော်ပေးတဲ့ကော်ဖီကိုငြိမ်ငြိမ်လေးပြန်သောက်နေလေရဲ့။
ရှောင်းကျန့်ကလူတွေနဲ့ပတ်သတ်ရတာမကြိုက်ဘူး။သူနဲ့လူတွေအတော်များများကအတွေးမတူဘူး။သူ့အတွေးတွေအတိုင်းသာဆိုရင်လူတိုင်းကရှောင်ကျန့်ကိုရူးနေတယ်ပဲထင်ကြမှာ။
မီးပွိုင့်နီနီတွေကိုပဲကြည့်လေ...။
လူတွေကမြင်တာနဲ့အော်ဟစ်ချင်ကြတာပဲမလား။တစ်ကယ်တမ်းအန္တရာယ်ကင်းအောင်တားပေးထားတာကိုမမြင်ကြဘူး။အမြင်မတူတဲ့လူတွေနဲ့ရှောင်းကျန့်က စကားအများကြီးမပြောချင်ဘူး။"ကျန့်ကော ဘာလို့နေဝင်ချိန်တွေကိုနေ့တိုင်းကြည့်တာလဲ"
ကော်ဖီခွက်လေးကိုအောက်ပြန်ချရင်း ရိပေါ်ဆိုတဲ့ကောင်လေးကမေးလာခဲ့တယ်။
DU LIEST GERADE
|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]
FanfictionBJYX burmese fanfiction and creation, thoughs (not plot) inspired from Driver License by Oliva Rodrigo ♡.