🚦part 15 🌆

339 26 1
                                    

ညရထားပေါ်မှာ ဒီနေ့ညတော့သူတို့နှစ်ယောက်ပဲရှိနေတယ် သူ့ဘက်ကိုတစ်ချက်တောင်လှည့်မကြည့်လာတဲ့လူက စောစောကရှောင်ကျန့်နဲ့တစ်ခြားစီပဲ ပြုံးနေတဲ့နှုတ်ခမ်းပါးတစ်စုံကခပ်တင်းတင်းစေ့ထားလိုက်တာများ နှုတ်ခမ်းအောက်ကမှည့်နက်ကလေးကတောင်ထင်းနေရော...
သူ့ရှေ့မှာတအားရင့်ကျက်ပြချင်တဲ့လူကိုရိပေါ်ကသူ့ရဲ့ကလေးလေးဖြစ်လို့ရတဲ့အကြောင်းအသိပေးချင်တယ် ဒါပေမယ့် ဒီလူကနားထောင်မယ်မထင်ပါဘူး ရိပေါ်ကိုမရင့်ကျက်သေးတဲ့ကောင်လေးလို့ပဲပြန်ခေါ်သွားမယ်ထင်တယ်

တစ်ရိပ်ရိပ်ဖြတ်လာတဲ့ညရထားရဲ့အရှိန်မှာ လမ်းမီးရောင်တွေကရိပ်ခနဲ ရိပ်ခနဲ ထင်ရှားနေတဲ့မီးပွိုင့်တွေကအစိမ်းနဲ့အနီ နှစ်ရောင်တည်းဖြစ်တယ် သတိပေးတဲ့အဝါရင့်ရောင်လေးကသီးသန့်ခွဲထွက်လို့....

ရှောင်ကျန့်ရဲ့မျက်နှာတစ်ခြမ်းကိုကြည့်ရင်းရိပေါ်ကအလွတ်မှတ်တယ် ဘယ်နေရာမှာဘာရှိတယ် မျက်လုံးလေးကဘယ်လိုဆိုတာမျိုး ရိပေါ်ကလိုက်မှတ်နေတာမျိုးတော့မဟုတ်ဘူး တတ်နိုင်သလောက်အကြည့်မလွဲပဲအသေးစိတ်လိုက်ကြည့်ရုံလေးရယ် အသက်ကြီးလာလို့ပျက်စီးသွားမယ့်မှတ်ဉာဏ်တွေထဲမှာ ရိပေါ်ကသူ့ဘေးကလူပါမသွားစေချင်ဘူး အဲ့လိုသာဆို ဒီနည်းလမ်းကပဲရိပေါ်အတွက်အကောင်းဆုံးဖြစ်တယ်

ဦးနှောက်ကမမှတ်နိုင်တဲ့အရာတွေကို နှလုံးသားကသူ့အလိုလိုမှတ်ပေးသွားလိမ့်မယ်

ရိပေါ်ကအများကြီးမလိုဘူး ရှောင်ကျန့်ဘေးမှာနေချင်ရုံလေးရယ်....
ဒါပေမယ့် ရှောင်ကျန့်ကခွင့်မပြုဘူး

သူက ပစ်ပယ်ခံထားရတဲ့ရထားတစ်စီးဖြစ်ရင် ရပ်နားဖို့တစ်နေရာစာပဲလိုတယ်

ခင်ဗျားက ကျွန်တော့်ရဲ့မီးပွိုင့်လေး ရပ်နားဆိုင်းဘုတ်လေး ဘယ်ကိုပဲလွင့်သွားခဲ့သွားခဲ့ နောက်ဆုံးမှာ ခင်ဗျားရှိရာအရပ်မှာ ရပ်နားယ့်သူပါပဲ

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now