သူ့ကိုကျောခိုင်းရင်းလှည့်ထွက်သွားတဲ့ကျောပြင်သေးသေးလေးဆီကနေ ရှောင်ကျန့်အကြည့်မလွှဲမိတော့ဘူး
"ရိပေါ်...."
အင့်
"အဟက်"
ကျွန်တော့်ကိုပြေးဖက်လာတဲ့ သူမနေရာမှာ ခင်ဗျားရဲ့အေးစက်စက်ခန္ဓာကိုယ်လေးသာဆို နွေးသွားတဲ့အထိ ကျွန်တော်ထွေးပွေးထားမိမှာ
ဒီမြင်ကွင်းမှာ တိတ်ဆိတ်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ် မျက်နှာလွှဲသွားတဲ့ကောင်လေးတစ်ယောက်ရှိတယ်
ကောင်လေးနှစ်ယောက်လုံးက နာကျင်နေရတာခြင်းအတူတူပဲကားထဲကိုဝင်တော့မယ်ခြေလှမ်းတွေကနောက်ကအသံလေးတစ်သံကြောင့်ရပ်တန့်သွားခဲ့တာဖြစ်တယ်
"ရိပေါ်..."
"ကျန့်ကော...."
"ဟို...အင်း..ဘာမှမဟုတ်ပါဘူး...ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ"
"မင်းမကြိုက်တဲ့ဆေးလိပ်တွေလည်းငါမသောက်တော့တာမလို့ မင်းကစိတ်ချနော် ရှပ်အကျီထူထူလည်းပြောင်းဝတ်ပြီး အိပ်ယာထဲမှာလည်းနွေးနွေးထွေးထွေးအိပ်မယ် အဲ့တာကြောင့်ရိပေါ်ကစိတ်ချနေရမယ်"
ယုန်သွားလေးတွေပေါ်တဲ့အထိပြုံးပြရင်း ခပ်လှမ်းလှမ်းကသူ့ကိုခေါင်းလေးစောင်းပြီးပြောပြနေတဲ့လူကို ရိပေါ်ကသေမတတ်မြတ်နိုးရတာ
"အင်း"
အရင်အတိုင်း မျက်လုံးတွေကိုဖိမှိတ်ရင်း ခေါင်းငြိမ့်ပြီးပြုံးပြလိုက်မိတော့ အရင်အကြိမ်တွေကလိုမဟုတ်တော့ဘူး ဖိမှိတ်လိုက်မိတဲ့မျက်တောင်ရှည်ရှည်တွေအတိုင်း မျက်ရည်တွေကတားမရအောင်ကျလာတာမလို့ ရိပေါ်ကကားထဲကိုဇွတ်ဝင်ပစ်လိုက်ရတယ်။ သူထပ်မနှုတ်ဆက်တော့ဘူး နောက်တစ်ကြိမ်ဆို သူဟန်ဆောင်ပြီးထိန်းထားနိုင်မှာမဟုတ်တော့ဘူး
ကားရဲ့backမှန်ကနေတဆင့် ရိပေါ်ကခပ်တိုးတိုးပဲထပ်ဆိုတယ်
"ချစ်တယ် ကျွန်တော့်ရှောင်ကျန့်"
ထွက်သွားတဲ့ကားလေးကိုမျက်တောင်မခတ်တမ်းရှောင်ကျန့်ကငေးကြည့်နေမိတော့တာပဲ...
သူကိုယ်တိုင်ပဲကြားရုံခပ်တိုးတိုးဆိုဖြစ်လိုက်တဲ့စကားကို ဒီကောင်လေးကတော့ဘယ်သိသွားပါ့မလဲ
BINABASA MO ANG
|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]
FanfictionBJYX burmese fanfiction and creation, thoughs (not plot) inspired from Driver License by Oliva Rodrigo ♡.