🚦part 9 🌆

386 34 3
                                    

မျက်နှာပေါ်ကိုကျလာတဲ့စိုစွတ်စွတ်အထိအတွေ့ကြောင့် ရှောင်ကျန့်ကကောင်းကင်ကိုတစ်ချက်မော့ကြည့်လိုက်တယ်။ဒီနေ့ညမိုးရွာတော့မယ်ထင်တယ်။ကောင်းကင်တစ်ခုလုံးမှောင်မဲပြီးပြိုကျတော့မယ်ပုံစံဖြစ်နေတာ သူနဲ့အတူတူလိုပဲ။သူ့ရှေ့ကကောင်လေးကိုသူဒီမှာရှိမနေစေချင်ဘူး။ဒါပေမယ့် ပြန်လွှတ်လိုက်ဖို့ကျတော့လည်း သူ့စိတ်တွေကမရဲပြန်ဘူး။ဝန်မခံချင်ပေမယ့် ဒါကအမှန်တရားဖြစ်နေခဲ့ပြီပဲ။သူ့ရှေ့ကကောင်လေးတစ်ခုခုဖြစ်သွားမှာ သူသေမတတ်စိတ်ပူတယ်

ငြိမ်ငြိမ်လေးပဲရပ်နေတဲ့ကောင်လေးက ရှောင်ကျန့်ဆီကအမိန့်မလာမချင်း အသက်တောင်ဖြောင့်ဖြောင့်ရှုရဲမယ့်ပုံမပေါ်ဘူး။ရိပေါ်ကပိုချစ်ပြလေ ရှောင်ကျန့်ကပိုတွန်းထုတ်ပစ်ချင်လေပဲ။ဒီကောင်လေးကလိမ္မာလွန်းတယ်

ရိပေါ်ကရှောင်ကျန့်ဆီကနေ သူ့အတွက်ပြောလာမယ့်စကားတစ်ခွန်းခွန်းကိုစောင့်နေတာ။ 'မချစ်နဲ့' ဆိုတာကလွဲရင်အကုန်အဆင်ပြေတာမို့ သူ့ကိုလျစ်လျူမရှုရင်ကောင်းမယ်။အနည်းဆုံး 'မင်းကိုငါကချစ်လို့မရဘူး' ဆိုတာလောက်ပဲရှောင်ကျန့်ကပြန်ပြောပေးရင်ရိပေါ်ကရပါပြီ။လျစ်လျူရှုထားတာကလွဲရင် ကျန်တာကရှောင်ကျန့်ကိုချစ်နေရုံနဲ့ပဲရိပေါ်အတွက်အကုန်လုံလောက်ပြီဖြစ်တယ်။ဒါကိုဒီလူသိအောင်ရိပေါ်သိပ်ပြောပြချင်တာပဲ

"မိုးရွာတော့မယ်"

"ဟုတ်"

"အိမ်ထဲဝင်မယ်ရိပေါ်"

ရှောင်ကျန့်ရဲ့လေသံကမာနေပေမယ့်သူ့ကိုစိတ်ပူတယ်ဆိုတာတော့ရိပေါ်ကရိပ်မိလိုက်တယ်။စက္ကန့်မလပ်ရှောင်ကျန့်ကိုကြည့်နေတဲ့သူမလို့ မျက်နှာအပြောင်းအလဲသေးသေးလေးကအစရိပေါ်ကဖမ်းမိတယ်။ကျုံ့သွားတဲ့မျက်ခုံးလေးတွေ ရွေ့လျားသွားတဲ့မျက်ဆံညိုညိုလေးတွေ ပြုံးနေမယ့်အစားတည်တင်းနေတဲ့နှုတ်ခမ်းပါးပါးလေးနဲ့မှည့်နက်လေးတစ်စက်။ရိပေါ်က ဒီလူကိုအသေးစိပ်ကအစသိပ်မြတ်နိုးရတာ.....

"ကျေးဇူးတင်ပါတယ် ကျန့်ကော"

"ဘာလို့လဲ"

ရှောင်ကျန့်မေးတော့ရိပေါ်ကခေါင်းကိုဖွဖွလေးယမ်းရင်းရယ်တယ်။ဒီကောင်လေးက ရှောင်ကျန့်ရဲ့အိမ်ထဲကိုဒုတိယအကြိမ်မြောက်ခြေချခဲ့ပြီဖြစ်တယ်။ဒီခြေလှမ်းတွေနဲ့ပြန်ထွက်သွားမယ့်အခါ ရှောင်ကျန့်ကငိုပြီးဖက်ထားမိတဲ့သူမဖြစ်အောင်ဆုတောင်းရမှာပဲ။

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Tahanan ng mga kuwento. Tumuklas ngayon