လေတွေကတဖြူးဖြူးတိုက်နေတုန်းပဲ...
ဒီတစ်ရက်ရဲ့ညအမှောင်မှာမီးပွိုင့်တွေကြည့်ရင်း သူ့ရဲ့အိမ်လေးဆီပြန်မယ်
ဒါပေမယ့် အားတင်းပြီးလျှောက်နေရတဲ့ခြေလှမ်းတွေက တော်တော်နဲ့အိမ်လေးဆီမရောက်နိုင်ဘူးဒီနေ့ညတိမ်တွေကင်းတယ် ကြယ်တွေစုံတယ် ကျန့်ကောနဲ့အတူတူကြယ်တွေကြည့်ကြမယ် ပြီးရင် တစ်ကယ်မကြွေတဲ့ကြယ်တွေဆီမှာဆုတောင်းမယ်
"ကျွန်တော်ပြန်လာပြီကျန့်ကော..."
"ခင်ဗျားစကားနားထောင်တယ်နော်ကျန့်ကော မီးပွိုင့်အနီတွေကိုဒီနေ့လည်းကျွန်တော်တစ်ယောက်တည်းနောက်တစ်ကြိမ်ထပ်ကြည့်ခဲ့ပြီ"
ရှောင်ကျန့်ကအမြဲကတိတည်ခဲ့ပါတယ်
မတည်နိုင်တဲ့ကတိတွေကိုပေးပြီး ရိပေါ်ကိုမျှော်လင့်ချက်မပေးခဲ့ဘူး
နေဝင်ချိန်ကိုအတူကြည့်မယ်ဆိုတာလည်းရိပေါ်ရဲ့တစ်ဖက်သတ်အတွေးသက်သက်ပါပဲ
.
.
.
.
.
ရှောင်ကျန့်ကရိပေါ်ကိုဘယ်တော့မှမခွဲဘူးဆိုတဲ့ကတိကိုမပေးခဲ့သလို....
ငါတို့ပြန်ဆုံကြမှာပါလို့လည်းမနှစ်သိမ့်ပေးခဲ့ပါဘူး
.
.
.
.
.
.
.
3ပတ်ခန့်ကြာပြီးနောက်..."ဒီနေ့ကျူးလစ်ပန်းတွေရခဲ့တယ်ကျန့်ကော..."
"အဖြူလေးတွေမလို့ ခင်ဗျားကြိုက်မယ်ထင်ပါတယ်"
"ကျူးလစ်ဖြူတွေရဲ့အဓိပ္ပာယ်က 'လူတစ်ယောက်ကိုတောင်းပန်ခြင်း' တဲ့"
တောင်းပန်ပါတယ် ချစ်ခြင်းမေတ္တာဆိုတဲ့စကားလုံးကို ခင်ဗျားဆီမှာဖွက်ထားခဲ့မိလို့...
"ဒီနေ့ ဒီကြယ်လေးထဲမှာကျွန်တော်ဆုတစ်ခုတောင်းခဲ့တယ်သိလား"
"ဖြစ်နိုင်မယ်ဆိုရင် ထားခဲ့ရမယ့်သူကကျွန်တော်ဖြစ်ရပါလို၏ လို့လေ"
"ဒါလည်းပြည့်မယ်လို့မထင်ပါဘူး"
"ဥက္ခာခဲတွေကမ္ဘာပေါ်ကြွေကျတိုင်း ကြယ်ကြွေတယ်ဆိုပြီးဆုတောင်းရအောင်လည်း တစ်ကယ်တမ်းကျွန်တော်တို့တွေကလေးတွေမှမဟုတ်ကြတော့တာပဲလေ..."
YOU ARE READING
|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]
FanfictionBJYX burmese fanfiction and creation, thoughs (not plot) inspired from Driver License by Oliva Rodrigo ♡.