🚦part 7 🌆

432 29 5
                                    

အပြန်အလှန်ထပ်တူမကျတဲ့ချစ်ခြင်းတစ်ခု...ရိပေါ်ကလက်ခံရရှိခဲ့တယ်။နီးကပ်လာတဲ့ကံကြမ္မာအစက်လေးနှစ်ခုရဲ့အဆုံးသတ်ကဝေးကွာဖို့ဖြစ်လာကြတဲ့အခါကျရင် ရိပေါ်ကရင်နာနာနဲ့ပဲလက်ခံရမယ်ထင်တယ်

ကိုယ်ချစ်တဲ့လူက ကိုယ့်ကိုယ်ပြန်သဘောမကျခဲ့ရင် လူတွေက အချစ်ရေးကံမကောင်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အသွားအပြန်မရှိတဲ့ချစ်ခြင်းမေတ္တာတွေအကြောင်း စာတွေတစ်သီတစ်တန်းကြီးနဲ့ဆိုကြလိမ့်မယ်။ဒါဆို...ရိပေါ်ကရော..?
ရိပေါ်လို့ချစ်ဖို့အခွင့်အရေးတောင်မရှိတဲ့သူဆိုရင်ကံကြမ္မာကိုဘယ်လိုအပြစ်ဆိုသင့်သလဲ

"ကျန့်ကော...ကျွန်တော်တို့ဒီနေ့ညနေရော သွားဖြစ်ကြဦးမှာလား"

ရှောင်းကျန့်ကပိတ်ထားတဲ့ပြတင်းပေါက်ရဲ့လိုက်ကာစကို လက်ချောင်းလေးတွေနဲ့အနည်းငယ်လောက်လေးဖယ်လိုက်ရင်း အပြင်ကိုကြည့်နေတယ်။ပြီးမှရိပေါ်ကိုစကားပြန်ပြောခဲ့တာ...

"အင်း...သေချာပေါက်သွားရမှာပေါ့"

"အဲ့တာဆို အခုဆေးသောက်မယ်မလားကျန့်ကော"

ရှောင်းကျန့်ကရိပေါ်ကိုကြည့်ရင်းဖွဖွလေးထပ်ပြုံးတယ်။အရင်ကတည်းက သူ့ကိုဘယ်သူ့မှတကူးတကဂရုမစိုက်ခဲ့စလို သူကိုယ်တိုင်လည်းဂရုမစိုက်ခဲ့ပါဘူး။ဒီအကြောင်းကိုသာရိပေါ်သိရင်....

"ဒါတွေကငါ့အတွက်အထူးအဆန်းမဟုတ်တော့ဘူးရိပေါ်"

"ခေါင်းမမာပါနဲ့လားခင်ဗျားရယ်"

ရိပေါ်ကလေသံတိုးတိုးလေးနဲ့ပဲရှောင်းကျန့်ကိုပြောရင်းအနားကိုတိုးလာတယ်။ဒီလူကမလိမ္မာဘူး။ရိပေါ်စိတ်ပူရအောင်လုပ်ရတာကိုသဘောကျနေသလိုပဲ...

"အ့!"

"ကျန့်ကော!"

ထိုးကိုက်နေတဲ့ခေါင်းကိုဖိထားရင်း ပါးစပ်ကအသံထွက်ညည်းမိတော့ အဲ့ဒီကောင်လေးကတော်တော်စိုးရိမ်သွားပုံပဲ။

"ဆိုးလိုက်တာ ကျန့်ကော"

သူ့ကိုဆိုးတယ်လို့ပြောလာတဲ့ကောင်လေးက သူ့ရဲ့လက်တွေကိုဖွဖွလေးကိုင်ထားရင်း အာငွေ့ပေးနေတယ်။ရိပေါ်ဘေးမှာရှိရင် ရှောင်းကျန့်ရဲ့လက်တွေကအမြဲနွေးနေမှာ....

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now