🚦part 22 🌆

417 27 14
                                    

ခြောက်ကပ်နေတဲ့အခန်းရဲ့တွန့်ကြေနေတဲ့အိပ်ယာပေါ်မှာ ဖိတ်စာလေးကိုခပ်တင်းတင်းဆုပ်ထရင်း မနက်ဖြန်အတွက်အားတင်းပြီးအသက်ရှင်နေရတဲ့ကောင်လေးတစ်ယောက်ရှိတယ် မနက်ဖြန်ဆိုရင် သူစိတ်မချရတဲ့ကောင်လေးကိုသူကလွှတ်ချနိုင်ပြီလို့မျှော်လင့်တယ် မနက်ဖြန်ကျရင်တော့ သူ့စိတ်အစုံကိုလွတ်လပ်ခွင့်ပေးချင်တယ် နှလုံးကဆက်ခုန်နေဦးမလား ဝင်လေထွက်လေကိုခံစားလို့ရနေဦးမလား အသိမရှိတော့တဲ့လူတစ်ယောက်ဖြစ်နေမှာလား ပျောက်ကွယ်သွားမှာလား သူအမျာကြီးမတွေးတော့ဘူး ဘာပဲဖြစ်ဖြစ်အဆင့်သင့်ပြင်ထားခဲ့ပြီးသားဖြစ်တာကြောင့်....
သူမပိုင်တဲ့သတို့သားကောင်လေးတစ်ယောက်ကိုသွားကြည့်ပြီးတာနဲ့ သူ့ကိုသူလွှတ်ချလိုက်တော့မှာဖြစ်တယ်...

"ရှောင်းကျန့်..."

"ကျိုးချန်...ပြန်လာပြီလား.."

"မနက်ဖြန်...မင်းသွားမှာလား..."

"အင်း...တစ်ခါလောက်ပဲတွေ့ရရင်တော်ပြီလေ"

"ရူးနေတဲ့ကောင်"

သူ့ကိုဆဲရေးရင်း ဘေးမှာလာထိုင်တဲ့ကျိုးချန်က သူ့အတွက်မတင်မကျဖြစ်နေတာသူသိပါတယ်
ဒါပေမယ့် သူ့အတွက်လမ်းဖြောင့်တစ်လမ်းပဲရှိတယ် ခွဲထွက်ပြီးရွေးချယ်ဖို့လမ်းခွဲမရှိတာသူမသိဘူးလေ...

"ငါ့ကိုကူညီမယ်မလား..."

"......."

"ကျိုးချန်...ပြန်ဖြေဦးလေ..."

"ဝမ်ရိပေါ်ကပျော်နေမယ်လို့ မင်းအာမခံနိုင်လားရှောင်းကျန့်"

"ဟင့်အင်း...ငါအာမမခံနိုင်ပါဘူး"

"အဲ့ဒါဆို...ဘာလို့!"

"ငါ့မှာလမ်းမရှိလို့ပေါ့!
သေမယ့်လမ်းတစ်လမ်းပဲလျှောက်စရာရှိတဲ့ငါ့လိုကောင်က ဝမ်ရိပေါ်ကိုဘယ်လိုစိတ်နဲ့အဆုံးထိဆွဲထားရမလဲ! ငါ့အတ္တကြောင့် သူရဲ့ကျန်နေတဲ့တစ်ဘဝလုံးကိုငါ့ဆီမှာပဲမြှုပ်နှံခိုင်းလိုက်ရမှာလား !!
ငါ..ရိပေါ်ရဲ့အတိတ်ဆိုးမဖြစ်ချင်ဘူး..."

"ရှောင်း...ရှောင်းကျန့်...မ...မငိုနဲ့တော့..."

ကျောပြင်ကိုသပ်ပေးလာတဲ့လက်တွေက ရှောင်ကျန့်တောင့်တနေတဲ့ လက်ဖဝါးပြင်ကျယ်ကျယ်တွေမဟုတ်ခဲ့ပါဘူး

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Tahanan ng mga kuwento. Tumuklas ngayon