ဒီနေ့ညနေတော့ သူသဘောကျတဲ့ နေဝင်ချိန်တွေကို သူမကြည့်ချင်ဘူး။ မကြည့်ရဲတော့တာဆိုရင်ပိုမှန်မယ်။ အိမ်ပြန်ချိန်တိုင်း မလှမ်းမကမ်းအကွာအဝေးမှာ အမြဲရှိနေတတ်တဲ့ကောင်လေးကို သူမမြင်ချင်တော့ဘူး။ တဖြည်းဖြည်းနဲ့ကုန်လွန်လာတဲ့ရက်တွေက ဘာလိုလိုနဲ့ 6ရက်ပြည့်တော့မယ်။ သူ့ရဲ့နေ့စဉ်ဘဝက ပုံမှန်မဟုတ်တော့တာဒီညဆို ခြောက်ရက်ပြည့်ပြီလေ။ သူကြောက်တယ် အဲ့ဒီကောင်လေးသူ့နားကိုရောက်လာမှာ သူ့ကိုအမြဲကြည့်နေမှာ။သူအထီးမကျန်တော့မှာတွေကိုကြောက်တယ်။ တစ်ရက်လောက်များ နေဝင်ချိန်ကိုကြည့်ဖို့မသွားလိုက်ရင် အဲ့ဒီကောင်လေးများစောင့်နေလိမ့်မလား။ နောက်ထပ်အဲ့ဒီကောင်လေးကိုထပ်မမြင်ရတော့ဖို့ သူဘာမဆိုလုပ်မှာ။ဒါပေမယ့် တစ်ရက်တာလွတ်သွားမယ့်နေဝင်ချိန်အတွက်တော့ ရင်နာစရာ။ နေ့ရက်တွေကဘယ်လောက်တန်ဖိုးရှိကြောင်း သူသိတယ်လေ။
တဖြည်းဖြည်းနဲ့ အခန်းထောင့်ကဆွဲလက်စ စုတ်ချက်မညီတဲ့ပန်းချီတွေက အရာထင်လာသလို။ ဆေးစုတ်ချက်တွေရဲ့ဦးတည်ရာကဘာမှန်းမသိပေမယ့် သေချာတာကတော့ အထီးကျန်ခြင်းတွေက မရှိမဖြစ်ပါဝင်လိမ့်ဦးမယ်ဆိုတာပဲ။
မှောင်လာပြီ။ အနည်းဆုံးတော့ သူရထားဘူတာနားက မီးပွိုင့်တွေကိုသွားကြည့်ရင်း လူပြတ်နေတဲ့လမ်းမရဲ့မီးရောင်ဖျော့ဖျော့တွေကို ငေးကြည့်ရဦးမယ်။ နေဝင်ချိန်ကိုကြည့်ဖို့မှသူမသွားခဲ့ပဲ။ အဲ့ဒီကောင်လေးလည်းရှိမနေမှာသေချာပါတယ်
မှိန်ပြပြ ညရဲ့မီးရောင်တွေက သူ့အပေါ်ကိုဖြာကျနေတယ်။ အထီးကျန်ခြင်းကို အဖော်ပြုတဲ့အရာက အထီးကျန်ခြင်းပဲဖြစ်တယ်လို့ အဲ့ဒီလူကမှတ်ယူတယ်။ ရှင်းလင်းနေတဲ့လမ်းတစ်ခုလုံးက သူ့ကိုထူးခြားစိတ်မခြောက်ခြားစေဘူး။ တစ်ယောက်မှမရှိလေ သူကသဘောကျရလေပဲ။ လမ်းတစ်လျှောက်မျက်လုံးတွေက တစ်စုံတစ်ယောက်ကိုမသိမသာရှာဖွေနေမိတယ်။ ဒီကောင်လေးရှိမနေဘူးဆိုတဲ့ဆိုတဲ့အသိက သူ့စိတ်ကိုပေါ့ပါးသွားစေသလိုပဲ....။
ရှပ်.....ရှပ်.....ရှပ်....
လူတစ်ယောက်မှမရှိတော့တဲ့ ဘူတာရုံရဲ့ အစွန်ဖျားလေးမှာ တစ်ခုတည်းရှိတဲ့ ရထားမီးပွိုင့်ဖျော့ဖျော့တွေကို ငေးနေတဲ့ကောင်လေးတစ်ယောက်ရှိနေတယ်။ ပုံမှန်အတိုင်းလှမ်းလာမိတဲ့ခြေလှမ်းတွေက တဖြည်းဖြည်းတွန့်ဆုတ်လာတာကို ခံစားမိနေပေမယ့် လွန်ဆန်လို့မရဘူး။ နေ့ရက်တိုင်းကအရေးပါကြောင်းသိပြီးတဲ့နောက်မှာ သူကအကြောက်အလန့်မရှိ အထီးကျန်ခြင်းတွေကိုသဘောကျတတ်လာတာ။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှသိခဲ့တဲ့ကောင်လေးအတွက်နဲ့ သူ့ရဲ့သဘောကျစရာကောင်းတဲ့အထီးကျန်ခြင်းတွေကို သူတစ်ရက်စာလေးတောင်လက်မလွှတ်လိုက်ချင်ဘူး။
YOU ARE READING
|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]
FanfictionBJYX burmese fanfiction and creation, thoughs (not plot) inspired from Driver License by Oliva Rodrigo ♡.