တဖြည်းဖြည်းပျောက်ကွယ်လာမယ့်နေရောင်ကိုဒီနေ့လည်းရှောင်းကျန့်ကစောင့်ကြည့်ဦးမှာ။
ဒါပေမယ့် အိမ်ကိုတဆင့်မပြန်တော့ပဲရိပေါ်ရဲ့အိမ်ကနေပဲ နေဝင်တော့မယ့်အချိန်ကိုစောင့်မယ်။စွဲလမ်းခြင်းတွေကိုသဘောမကျတဲ့အကြောင်းအကြိမ်ကြိမ်ပြောပေမယ့်ရှောင်းကျန့်ကိုယ်တိုင်ကပဲအဲ့ဒီထဲမှာနေသားကျခဲ့တာဖြစ်မယ်။စွဲလမ်းတဲ့အရာကသက်မဲ့တွေဖြစ်နေသ၍တော့ ထင်သလောက်အန္တရာယ်မများဘူး။အကယ်၍ သက်ရှိကောင်လေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့...
အတိအကျအာမမခံနိုင်တဲ့အနာဂါတ်မှာ ဘယ်လိုအဆင်မပြေမှုတွေကြုံရမလဲရိပေါ်မသိဘူး။ဒါပေမယ့် ရိပေါ်အတွက်တော့ ရှောင်ကျန့်ရှိနေရင်ရပြီဖြစ်တယ်။အဲ့တာကြောင့် ရှောင်ကျန့်ကဘေးမှာဆက်ရှိနေပေးဖို့ပဲရိပေါ်ကဆုတောင်းရမှာပဲ။
"ရိပေါ်....."
"ဗျာ ကျန့်ကော"
"ဆိုင်ကယ်တွေကိုသဘောကျတာလား"
"ဟုတ်တယ်ကျန့်ကော"
"......"
"တစ်စုံတစ်ယောက်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းတော့ ကျွန်တော်ညရထားစီးရတာပါသဘောကျလာတယ်"
"ဘယ်သူနဲ့လဲ"
"မသိဘူးပေါ့"
"မသိပါဘူး"
မျက်လုံးလေးကလယ်ကလယ်လုပ်ရင်း ဘေးကိုလှည့်သွားတဲ့ရှောင်ကျန့်ကသိပ်အသည်းယားစရာကောင်းတယ်။ရိပေါ်ကမချစ်ပဲဘယ်လိုနေနိုင်ပါ့မလဲ
"ကျန့်ကော ညဒီမှာပဲအိပ်မလား"
"ဟင့်အင်း"
"သဘောပါ ကျန့်ကောအိပ်ချင်ရင်ရတယ်"
"ရိပေါ်...ငါ့ကို မင်းရဲ့အကြောင်းနည်းနည်းလောက်ပြောပြမလား"
ရှောင်ကျန့်ကပထမဆုံး ရိပေါ်ရဲ့အကြောင်းကိုသေချာမေးလာတဲ့အခါ ရိပေါ်ကထင်ထားတာထက်ပိုရင်ခုန်ရတယ်။ရှောင်ကျန့်ကသူ့ကိုနည်းနည်းတော့ဂရုစိုက်တယ်လို့ ရိပေါ်ခံစားရတယ်။
"ကျွန်တော့်နာမည်ကရိပေါ် မျိုးရိုးကဝမ် အဲ့တော့ဝမ်ရိပေါ်"
YOU ARE READING
|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]
FanfictionBJYX burmese fanfiction and creation, thoughs (not plot) inspired from Driver License by Oliva Rodrigo ♡.