"ရိပေါ်ရှိတဲ့နေရာကိုပြောပြနိုင်တယ်"
"ရိပေါ်ဘယ်မှာလဲ"
"ရှိပါတယ် ရိပေါ်အကြောင်းသိရရင်ပြောပြပေးပါ့မယ်"
ရှောင်ကျန့်ကစကားတွေအများကြီးပြောရတာမကြိုက်ဘူး။ဒါပေမယ့်ဒီကောင်လေးနဲ့ပတ်သတ်ပြီး ပြောရတာဆိုရင်တော့ သူထည့်မတွက်ပါဘူး
တစ်ဖက်မိန်းကလေးရဲ့စကားအဆုံးမှာရှောင်ကျန့်ကခပ်ဖျော့ဖျော့ပြုံးတယ်။ဒီလောက်ဆိုလုံလောက်ပါပြီ
"ကော်ဖီရပြီကျန့်ကော"
"အင်း...ကျေးဇူးတင်ပါတယ်ရိပေါ်"
"မလိုပါဘူး ကျွန်တော်ဖျော်ပေးချင်လို့ပဲဟာ"
"အခုအတွက်မဟုတ်ပါဘူး အရာရာတိုင်းအတွက်ပါ"
"အင်း...ရပါတယ်"
"ဖုန်းခေါ်ပြီးပြီလားကျန့်ကော"
"အင်း"
ဖျက်ထားခံရတဲ့ဖုန်းခေါ်တဲ့ကောလ်လေးတစ်ခု ရိပေါ်ကမသိခဲ့ရဘူး။ရှောင်ကျန့်ကလည်းသိအောင်ပြောပြဖြစ်မှာမဟုတ်ဘူး
"ရိပေါ် ပြီးရင်ငါသွားစရာတစ်ခုရှိလို့"
"ဟုတ်"
"နေခဲ့မလား လိုက်မလား"
"ခင်ဗျားသဘောပါပဲ ဘယ်လိုဖြစ်စေချင်လဲကျန့်ကော"
"ဒီတစ်ကြိမ်တော့ မင်းရဲ့သဘောပါရိပေါ် မင်းရွေးပါ"
"အဲ့ဒါဆို လိုက်မယ်ကျန့်ကော ခင်ဗျားသွားသမျှနေရာတိုင်းကျွန်တော်ကနောက်ကနေတကောက်ကောက်လိုက်ချင်တာ"
"ငါကဘယ်မှမသွားဘူးလေရိပေါ်"
"ဥပမာပြောတာပါ"
"........"
"ခင်ဗျားသွားရင်ဘယ်နေရာဖြစ်ဖြစ်ကျွန်တော်ကလိုက်နိုင်တာမလို့ ခင်ဗျားကခေါ်သွားပေးရင်ကောင်းမှာပဲ"
"ကိုယ်မှမင်းကိုမချစ်ချင်တာရိပေါ်"
ရှောင်ကျန့်က သူ့ကိုယ်သူ 'ကိုယ်' လို့သုံးရင် ရိပေါ်ကတအားသဘောကျတာပဲ။ဒါပေမယ့် ဒီတစ်ကြိမ်တော့ရိပေါ်ကသဘောကျတာထပ်ပိုဝမ်းနည်းတယ်။ကိစ္စတော့မရှိပါဘူး။ရှောင်ကျန့်ကမချစ်လည်းသူကအဆင်ပြေတယ်
DU LIEST GERADE
|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]
FanfictionBJYX burmese fanfiction and creation, thoughs (not plot) inspired from Driver License by Oliva Rodrigo ♡.