🚦part 10 🌆

430 31 0
                                    

မှိန်ဖျော့နေတဲ့မီးပြာပြာတွေအောက်မှာ အတင်းထိုးကိုက်နေတဲ့ခေါင်းကိုရှောင်ကျန့်ဖိထားရင်း ခေါင်းကိုယမ်းခါပစ်လိုက်တယ်။အချိန်ကိုကြည့်လိုက်တော့ မနက်တောင်ရောက်ခါနီးပြီ။ကုတင်ပေါ်မှာတော့ ရိပေါ်ဆိုတဲ့ကောင်လေးကအိပ်ပျော်နေတုန်း။ကုတင်ခြေရင်းမှာခေါက်ရက်အတိုင်းလေးရှိနေတဲ့စောင်ကညကဒီကောင်လေးကစောင်ခြုံမအိပ်ဘူးဆိုတဲ့သဘောပဲလေ။ရှောင်ကျန့်ကတော့ တိတ်တဆိတ်ပဲအပြစ်တင်တယ်။ရိပေါ်ပေါ့ဆတာမဟုတ်ပါဘူးသူကစောင်ခြုံပေးဖို့မေ့သွားတာတဲ့။

ဒီကောင်လေးမနိုးခင်သူကထရမှာအတူတူ အိပ်ချင်စိတ်မရှိတော့တဲ့မျက်လုံးတွေကြောင့် ရှောင်ကျန့်ကမတ်တပ်ရပ်လိုက်ရင်း အောက်ထပ်ကိုဆင်းဖို့ပြင်လိုက်တယ်။အိပ်ပျော်နေတဲ့ကောင်လေးပေါ်ကိုစောင်ခြုံပေးဖို့လည်းသေချာပေါက်မမေ့ခဲ့ဘူးပေါ့

ခပ်ဖြည်းဖြည်းစေ့သွားတဲ့အခန်းတံခါးလေးရဲ့အဆုံးမှာ ရိပေါ်ဆိုတဲ့ကောင်လေးကစောင်လေးကိုလက်နှစ်ဖက်နဲ့ဆွဲယူရင်းပိုတိုးဖက်အိပ်လိုက်တယ်။ရှောင်ကျန့်ဆီကအခုလိုမျိုးသေချာလေးဂရုစိုက်ပေးခံရတာသိပ်ကောင်းတာပဲ။ဒါပေမယ့် တစ်ခုပါပဲ ရိပေါ်ကလောဘမကြီးချင်ဘူး

မျက်နှာသစ်ပြီးအောက်ကိုဆင်းလာမယ့်ကောင်လေးကိုရှောင်ကျန့်ကပေါင်မုန့်လေးမီးကင်ရင်းစောင့်နေမိတယ်။သူဘာလို့ဒါတွေလုပ်ပေးနေမိမှန်းမသိတော့ဘူး။အဲ့တာကြောင့် သူပြောခဲ့တာ

ရိပေါ်ဆိုတဲ့ကောင်လေးကအန္တရာယ်များတယ်

"ကျန့်ကော...ကျွန်တော်နိုးပြီ"

"ရိပေါ်...ထိုင်လေ"

"ကျွန်တော်ကူပေးမယ်"

"မလိုတော့ဘူး လုပ်ပြီးပြီ။ပါမုန့်မီးကင်နဲ့ကြက်ဥကြော်ပဲလုပ်ထားမိတယ်။စားလို့ဖြစ်ပါ့မလား"

"ကျန့်ကောလုပ်ထားတာလား"

"အ...အင်း"

"အဲ့တာဆိုသေချာပေါက်စားလို့ဖြစ်တယ်"

"ရိပေါ်နောက်တောက်တောက်လုပ်မနေနဲ့"

ကဲကြည့်!
ခင်ဗျားနဲ့တော့ ကျွန်တော်ဘယ်လုပ်ရပါ့မလဲကျန့်ကောရယ် ကျွန်တော်ပြောသမျှနောက်တယ်လို့ပဲမြင်နေတော့ ကျွန်တော်ကဘာဆက်လုပ်ရပါ့မလဲ

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now