နေ့တွေကတစ်ရက်ပြီးတစ်ရက်ကူးလာသလား ညတွေကတစ်ညပြီးတစ်ညကုန်လွန်လာသလား.. သေချာမမြင်ရတဲ့အမြင်အာရုံမှာ ကောင်လေးတစ်ယောက်ကိုပဲရှောင်ကျန့်ကပုံဖော်နေမိတယ် ရင်နာစရာကောင်းလိုက်တာများ...
သူသေလောက်အောင်တန်ဖိုးထားရတဲ့လူကို သူကမမှတ်မိတော့ပါဘူးလက်ဖဝါးနဲ့ခပ်ဖွဖွထိတွေ့မိတဲ့ပန်းချီကားလေးမှာ သူထိတွေ့ချင်တဲ့မျက်နှာပြင်လေးတစ်ခုပါတယ်
မမှတ်မိနိုင်မှန်းသိရက်နဲ့တတ်နိုင်သလောက်သိမ်းထားကြည့်ချင်ခဲ့တယ် ဝေးဝါးစပြုနေခဲ့တဲ့မျက်လုံးတွေက အခုအချိန်မှာ လုံးလုံးဝေဝါးသွားခဲ့ပြီဖြစ်တယ် ဘယ်အချိန်မှာအမှောင်ကျလိမ့်မလဲမသိပေမယ့် သူကတော့အမှောင်ကျခဲ့ပြီးသား...မျက်လုံးသေတွေကနေကျလာတဲ့စိုစွတ်စွတ်အထိအတွေ့ကိုလက်ဖဝါးပွတ်သတ်ကြည့်ရင်း ခပ်ဖျော့ဖျော့ရယ်တယ်
သူ...ငိုနေတာလား....
အော်ဟစ်ပစ်ချင်တယ် ပေါက်ကွဲပစ်ချင်တယ် သူကလည်းရိပေါ်မရှိရင်မဖြစ်တဲ့အကြောင်း...
လက်ဖဝါးဆီကိုထိတွေ့လာတဲ့ခပ်နွေးနွေးအငွေ့အသက်တစ်ချို့ စိတ်ဆိုးသွားတဲ့ကောင်လေးက အခန်းကထောင့်မှာဆေးလိပ်ထိုင်သောက်နေခဲ့တဲ့ဂျစ်ကန်ကန်ပုံစံလေး....
ဒါသူမှတ်မိတာအကုန်ပဲ....
အစစ်အမှန်မရှိတော့တဲ့နောက်မှာ ပုံရိပ်ရေးရေးလေးတွေတောင် ပျောက်ကွယ်မှာကြောက်တဲ့အထိ တန်ဖိုးထားစရာလေးဖြစ်လာခဲ့တာများထိတွေ့ချင်တယ် ထိတွေ့ရမှာကြောက်တယ် ချစ်တယ် ချစ်ရမှာကြောက်တယ် ဝေးနေချင်တယ် ဝေးကွာသွားမှာကြောက်တယ်
လက်ဖဝါးနဲ့ထိတွေ့မိတဲ့အခါ ပုံရိပ်ယောင်လေးတွေပျောက်သွားမှာကြောက်လို့ငေးကြည့်ရုံပဲတတ်နိုင်တဲ့အထိ....
အခိုးအငွေ့တွေကို စိတ်နဲ့ဖမ်းဆုပ်ရင်း မင်းမရှိတော့လည်း အဆင်ပြေအောင်နေရတာပါပဲ
သေချာမမြင်ရတော့တဲ့စာရွက်ပေါ်ကအမှတ်တရတွေကြောင့်များလား...
ငါရင်နာလိုက်တာ ရိပေါ်ဆိုတဲ့ကောင်လေးရယ်...
VOUS LISEZ
|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]
FanfictionBJYX burmese fanfiction and creation, thoughs (not plot) inspired from Driver License by Oliva Rodrigo ♡.