🚦part 12 🌆

324 23 4
                                    

ရှောင်ကျန့်ကနေဝင်တာကိုသဘောကျတယ်။ရိပေါ်ကလည်းနေဝင်တာကိုသဘောကျခဲ့ဖူးပေမယ့် အခုရိပေါ်ကသဘောမကျတတ်တော့ဘူး။တစ်နေ့တာကုန်လွန်ခြင်းဖြစ်တဲ့နေဝင်တာက ရိပေါ်မှာရှောင်ကျန့်နဲ့အတူရှိနေဖို့အချိန်ကလျော့သွားနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲမလား

ရှောင်ကျန့်မြစ်ဆိပ်ကိုရောက်တော့ ကမ်းစပ်နားကိုခပ်သွက်သွက်ပြေးရင်း နေဝင်ချိန်ကိုအပြေးတလွှားသွားကြည့်မိတယ်။နောက်ကနေဖြည်းဖြည်းပဲလမ်းလျှောက်လာတဲ့ကောင်လေးက သူ့ကိုနောက်ကနေငေးကြည့်နေတုန်းပဲ။

ရိပေါ်ကနေဝင်ချိန်ကိုကြည့်ချင်တာမဟုတ်ဘူး။ရှောင်ကျန့်ရဲ့ကျောပြင်ကိုနောက်ကနေငေးနေချင်တာ
ချစ်ရတဲ့သူရဲ့ကျောပြင်ကိုငေးကြည့်ရတာဘယ်လောက်သဘောကျစရာကောင်းလဲရှောင်ကျန့်ကတော့သိမှာမဟုတ်ဘူး

ကော်ဖီသွားဝယ်ဖို့လုပ်နေတဲ့ကောင်လေးရဲ့လက်တစ်ဖက်ကိုရှောင်ကျန့်ဖမ်းဆွဲထားလိုက်တယ်

"နေပါစေ"

ရှောင်ကျန့်ကကိုယ့်ကိုယ်ကိုမညာချင်တော့ဘူး အတူတူရှိနေမယ့်ကာလတိုတိုလေးမှာ တစ်စက္ကန့်လေးတောင်ဒီကောင်လေးကိုဝေးဝေးထွက်မသွားစေချင်ဘူး။

ရိပေါ်ကအေးစက်စက်လက်ဖဝါးတစ်ဖက်ကို အာငွေ့ပေးရင်းနွေးအောင်လုပ်ပေးနေတယ်။ကျနေတဲ့မျက်ရည်တွေကိုတော့ ရိပေါ်ကရှောင်ကျန့်ကိုမမြင်စေချင်ဘူး။သူ့ကြောင့်ရှောင်ကျန့်ကနည်းနည်းလောက်ပဲဖြစ်ဖြစ်စိတ်မကောင်းဖြစ်သွားရရင်ရိပေါ်ကဘယ်လိုလုပ်ရမလဲ

ဆုတောင်းတွေကအမှန်တစ်ကယ်ပြည့်တယ်ဆိုရင်.....
ရိပေါ်ကတစ်ခုပဲဆုတောင်းချင်တာ...

နောင်ဘတွေကျရင် ခင်ဗျားကို အချုပ်အနှောင်ရှိပဲ ချစ်နိုင်ယ့်သူဖြစ်ပါစေ

ရှောင်ကျန့်ရဲ့လက်တွေမအေးတော့အောင်ရိပေါ်ကဆုပ်ကိုင်ထားပေးချင်တယ်။သူ့ကြောင့်ရှောင့်ကျန့်အမြဲပြုံးနေရအောင်လုပ်ပေးချင်တယ်။ရှောင်ကျန့်သဘောကျတဲ့အရာတွေကိုအတူတူလုပ်ဖို့ရိပေါ်ကသူ့ရဲ့ဘေးမှာရှိနေပေးချင်တယ်။

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Donde viven las historias. Descúbrelo ahora