🚦part 20 🌆

372 24 2
                                    

ညရဲ့ ရထားပေါ်မှာ သူတစ်ယောက်တည်းပဲရှိနေခဲ့တာဖြစ်တယ် ဘေးကနေအဖော်ပြုပေးတတ်တဲ့လူတစ်ယောက်က သူတွန်းထုတ်လိုက်တဲ့တစ်ပါးသောအရပ်မှာ ပျော်ရွှင်နေဖို့မျှော်လင့်တယ်

လက်အိတ်ဖြူဖြူလေးတွေနဲ့ထွေးပတ်ထားတဲ့လက်နှစ်ဖက်က သောက်လက်စကော်ဖီခွက်လေးတစ်ခွက်ကိုဆုပ်ကိုင်ထားတယ် ခါးသက်သက်အရသာကဘဝဖြစ်တဲ့အကြောင်းတွေးမိတာနဲ့ ကျန်ခဲ့မယ့်ကောင်လေးအတွက်စိတ်ပူရတယ်

ပုံပြင်အစအဆုံးကိုပြန်လှန်ကြည့်ရင် မှားခဲ့တာသူပဲဖြစ်မယ်ထင်တယ် အန္တရာယ်များမှန်းသိရက်နဲ့ဒီစွဲလမ်းခြင်းတွေထဲကိုလိုလိုချင်ချင်တိုးဝင်ခဲ့တာ...

မချစ်ချင်ဘူးပြောရင်း တစ်သက်စာအတွက်ရည်ရွယ်ခဲ့တယ်
မပတ်သတ်ချင်ဘူးပြောရင်း တွန်းထုတ်ရမှာကြောက်လာခဲ့တယ်

"ချစ်တယ်ရိပေါ်....ချစ်တာမှ...ပြောမပြတတ်တဲ့အထိပဲ"

"ဘယ်လောက်ထိချစ်လဲဆိုငါ့မှာစကားလုံးတွေရှာမရတဲ့အထိ..."

ဒါပေမယ့် သူချစ်ရသလောက်လက်လွှတ်ရမယ့်အစိမ်းရောင်မီးပွိုင့်လေး....
ဒီကောင်လေးသူ့ကြောင့်ပြိုလဲမှာ ရှောင်ကျန့်ကဘယ်လောက်ကြောက်လိုက်ရပါသလဲ

ရွေးချယ်ခွင့်အကြိမ်ကြိမ်မှာရှောင်ကျန့်ကဒီလမ်းကိုရွေးခဲ့တာဖြစ်တယ် အခွင့်အရေးပေးရင်တောင်ဒုတိယအကြိမ်တော့ထပ်မချစ်ချင်တော့ပါဘူး ရိပေါ်ကသူ့ကြောင့်လုံလုံလောက်လောက်နာကျင်နေရပြီမလို့...

အခန်းရဲ့ထောင့်မှာထိုင်နေမိပေမယ့်ဆေးလိပ်ငွေ့တွေမရှိတော့ဘူး ရှုပ်ပွနေတဲ့မရေမရာဆေးစုတ်ချက်တွေမရှိဘူး အပြာဖျော့ဖျော့မီးရောင်အောက်မှာ သူရယ် မှိုင်းပျပျပန်းချီကားတစ်ချပ်ရယ် မလှမပဒိုင်ယာရီတစ်အုပ်ရယ် ကော်ဖီတစ်ခွက်ရယ်.....

အဆုံးသတ်ထိမတည်မြဲမယ့်ထဲမှာ ရိပေါ်ဆိုတဲ့ကောင်လေးကရှောင်ကျန့်အတွက်အဓိကဖြစ်တယ် တည်မြဲဖို့မမျှော်လင့်ခဲ့သလို မခွဲဖို့လည်းမပြောခဲ့ဖူးပါဘူး

သူကမပြည့်စုံတဲ့အရွက်သုံးရွက်ကလိုဗာလေးမလို့ ရိပေါ်အတွက်အတိတ်ဆိုးအဖြစ်တော့မကျန်ခဲ့ချင်ဘူး သာမာန်မိန်းကလေးတစ်ယောက်နဲ့လက်ထပ်မယ် ပြီးရင်လူတိုင်းအားကျတဲ့မိသားစုဘဝလေးရှိမယ် သူကိုယ်တိုင်ကတော့ပျောက်ကွယ်သွားတာဖြစ်ကောင်းဖြစ်မယ် ဒါမှမဟုတ် ရိပေါ်နဲ့အတိတ်မှာခင်မင်ဖူးတဲ့မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ရင်ဖြစ်မယ် သူမျှော်လင့်တာက အနာဂါတ်မှာဒီကောင်လေးအဆင်ပြေပြေပျော်နေနိုင်ဖို့ပါပဲ

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Tempat cerita menjadi hidup. Temukan sekarang