🚦part 18 🌆

311 23 0
                                    

သူ့ရဲ့နေ့ရက်တွေကရိပေါ်ဆိုတဲ့ကောင်လေးမရှိတော့တာကလွဲရင် ပုံမှန်ဖြစ်လိမ့်မယ်လို့ ရှောင်ကျန့်ကတွေးထားခဲ့တာ ...

အမြင်မခံဝံ့တော့တဲ့နေရောင်တွေ....
ထွက်မကြည့်ချင်တော့တဲ့ သူသဘောကျတဲ့နေဝင်ချိန်တွေ...
ရပ်ကြည့်နေကျ ညရထားဘူတာရဲ့မီးပွိုင့်တွေ...

ရှောင်ကျန့်ကြောက်တဲ့အရာက စွဲလမ်းခြင်းတွေမဟုတ်တော့ပဲ သူသဘောကျခဲ့တဲ့အရာတွေဖြစ်လာခဲ့တယ် ဘေးမှာရိပေါ်မရှိလိုက်တာနဲ့ရှောင်ကျန့်ကလုပ်နေကျအရာတွေကိုတောင်မလုပ်နိုင်တော့တဲ့အထိ...

တစ်ချိန်လုံးစောင့်နေမိတဲ့အိမ်ရှေ့ကလူခေါ်ခေါင်းလောင်းလေးကတစ်ယောက်သောသူဆီကပဲဖြစ်ချင်တဲ့အကြောင်း ရှောင်ကျန့်ကမေ့ပစ်ထားလို့ရရင်ကောင်းမယ်...

ကလင်....ကလင်....

အိမ်ရဲ့အောက်ထပ်ကို အပြေးဆင်းလိုက်တဲ့ခြေထောက်တွေမှာ ရှောင်ကျန့်ကအိမ်ရဲ့တံခါးကိုဖွင့်ဖို့မရဲဘူး သူမျှော်လင့်နေတဲ့ကောင်လေးမဟုတ်ခဲ့ရင် သူ့အားတင်းထားသမျှခြေထောက်တွေကဒီနားမှာတင်ခွေလဲသွားမလား....
တံခါးရဲ့ရှေ့မှာရပ်နေမယ့်သူကရိပေါ်မဟုတ်မှာသူကြောက်တယ် ဒါပေမယ့် ရိပေါ်ဖြစ်နေမှာပိုကြောက်တယ်...
သူ...နောက်တစ်ကြိမ်...ဘယ်လိုမှတွန်းမထုတ်နိုင်တော့ဘူး...

"ထပ်ပြီးမရက်စက်နိုင်တော့တာမလို့...ရိပေါ်ဆိုတဲ့ကောင်လေးတော့မဖြစ်လိုက်ပါနဲ့..."

ဖွင့်လိုက်မိတဲ့တံခါးရဲ့ရှေ့မှာ အပြုံးလှလှလေးတစ်ခု...
ကံကြမ္မာကမတရားလိုက်တာ...

"ကျန့်ကော..."

အလျင်အမြန်တွန်းပိတ်လိုက်တဲ့တံခါးကို လက်ဖဝါးကြီးကြီးတွေက ပြန်တွန်းကန်ထားတယ်
သူရင်မဆိုင်ချင်တော့ဘူး
လှိုက်တက်လာတဲ့ခံစားမှုက ဒီကောင်လေးကြောင့် သူငိုမိပြန်ပြီ...

"ကျွန်တော်ပြောတာနားထောင်ပေးလို့မရဘူးလား"

ရိပေါ်ရဲ့နောက်မှာ မိန်းကလေးတစ်ယောက်လာရပ်တယ် မြင်ဖူးသလိုရှိခဲ့ပေမယ့်ရှောင်ကျန့်ကသေချာမမှတ်မိတော့ဘူး

"အရေးကြီးလို့လား.."

"ကျန့်ကော...ဘာလို့ငိုထားတာလဲ"

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now