🚦Part 5 🌆

504 37 4
                                    

ညနေဘက် မြစ်ကမ်းဆီကိုဦးတည်လာတဲ့အချိန်ရှောင်းကျန့်ဆီမှာ ပုံမှန်မဟုတ်တဲ့အရာတစ်ခုတိုးလာခဲ့တယ်။ အဖြူရောင်ရှပ်အကျီပေါ်မှာ အနက်ရောင်ဆွယ်တာလေး။သူ့ဘေးကရိပေါ်ဆိုတဲ့ကောင်လေးကတော့ တဖြည်းဖြည်းနဲ့ပုံမှန်လိုဖြစ်လာနေခဲ့ပြီ။ဘာမှန်းမသိပုံမှန်ဖြတ်သန်းလာတဲ့နေ့ရက်တွေမှာ အဲ့ဒီကောင်လေးက ရှောင်းကျန့်ဆီကိုတဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်။

ဒီနေ့တစ်နေ့လုံး ရိပေါ်ကရှောင်းကျန့်အိမ်မှာပဲ။နေ့တိုင်းလဲ အဲ့လိုပဲကုန်ဆုံးရရင်ကောင်းမယ်။မနက်စာ၊ နေ့လည်စာအတူတူစားရင်း ညနေဘက်မှာရှောင်းကျန့်လုပ်နေကျအရာတွေကိုရိပေါ်ကအတူတူလိုက်လုပ်ပေးမယ်။ရှောင်းကျန့်ရဲ့ရိုးရှင်းတဲ့နေ့စဉ်ဘဝထဲကို သူ့ကိုဝင်လာခွင့်ပေးဖို့ပဲရိပေါ်ကမျှော်လင့်တယ်။

"အဟွတ်! အဟွတ်!"

ရှောင်းကျန့်ဆီကချောင်းဆိုးသံကြားတော့ ရိပေါ်ကလှည့်ကြည့်တယ်။ မဟုတ်ဘူး ၊ ရိပေါ်ကအမြဲတမ်းရှောင်းကျန့်ကိုကြည့်နေခဲ့တာ။ဒါပေမယ့်အခုတော့သူစိုးရိမ်တယ်။
ရှောင်းကျန့်ရဲ့နဖူးဆီကို ရိပေါ်ရဲ့လက်တွေကအလိုအလျောက်လှမ်းမိရက်သား။ပုတ်ထုတ်ပစ်လိုက်မလား သူ့ကိုအော်ပစ်လိုက်မလား ရိပေါ်ကဂရုမစိုက်ပါဘူး။ရှောင်းကျန့်ကတစ်ခုခုဖြစ်ရင် သူမသိလိုက်မှာကြောက်တယ်။

ခပ်ရှိန်းရှိန်းဖြစ်နေတဲ့ကိုယ်အပူချိန်မှာ ရှောင်းကျန့်ကပုံမှန်ပါပဲ။ဒါပေမယ့်ရိပေါ်က စိတ်မချဘူး။သေချာတယ် ဒီလူဖျားတော့မှာ။

"ကျန့်ကော ခင်ဗျားကိုယ်တွေနွေးနေတယ်"

"အင်း"

ရှောင်းကျန့်က သူ့ရဲ့နဖူးပေါ်ကလက်တစ်ဖက်ကို ဖယ်မချခဲ့သလို ရိပေါ်ကိုလည်းမအော်ဘူး။ရှောင်းကျန့်ကခန့်မှန်းရခက်တယ်။အမူအရာမရှိတဲ့မျက်နှာကရိပေါ်ကိုပင်လယ်ရဲ့ဟိုးအနက်ဆုံးကိုဆွဲချနေသလိုပဲ။ဘယ်အချိန်ဘာဖြစ်မလဲသူမသိပေမယ့် သူကလည်းဒီလူကနှင်မထုတ်သ၍ ထွက်သွားဖို့စိတ်ကူးမရှိပါဘူး။

"ကျွန်တော်တို့အိမ်ပြန်ရအောင်"

"........"

"ကျန့်ကော...."

|| 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐋𝐢𝐠𝐡𝐭 || 信号 || [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now