Zawgyi
စာကြိုးစားရမယ်!
"ကောင်းပြီ စာရွက်တွေလှန်ကြ ပထမမေးခွန်းက..."
ချီဖန်းက နဖူးကို ပွတ်သပ်လိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဘောပင်ကို ကောက်ကိုင်ကာ ဆရာစာစရှင်းပြနေတာကို သေချာလိုက်နားထောင်လိုက်တယ်။ အများစုကို နားမလည်ပေမယ့်လည်း ဆရာပြောသမျှ စကားတိုင်းကို လိုက်မှတ်နိုင်လိုက်တယ်။
သင်္ချာဆရာက အဖြေလွှာတွေကို ရှင်းပြပေးပြီးတာနဲ့ စင်အောက်က ကျောင်းသားတွေကို တစ်ချက်ငုံ့ကြည့်ကာ သက်ပြင်းချမိတယ်။ ဒီတစ်ခေါက် သင်္ချာစာမေးပွဲက ပိုခက်တယ်ဆိုပေမယ့် အထက်တန်းမှာ ဖြေရမယ့် စာမေးပွဲအတွက်တော့ ပါးပါးလေးပဲရှိသေးတယ်။ ကျောင်းကအကြီးအကဲတွေက စိတ်သိပ်မခိုင်တဲ့ ကျောင်းသားတွေကို ဖိနှိပ်ဖို့ ပြင်ဆင်ထားကြတာ။ ရလဒ်အနေနဲ့ကတော့ စိတ်ဓာတ်ကျစရာပဲ။ အကျိုးသက်ရောက်မှုက ပြင်းထန်လွန်းတယ်။
သူ့အကြည့်တွေက ချီဖန်းရှိရာဆီ ရွေ့သွားချိန်မှာတော့ သင်္ချာဆရာက တုန်လှုပ်သွားတော့တယ်။ ချီဖန်းက အတန်းထဲမှာတော့ ကျောင်းသားကောင်းပဲ။ ကျောင်းသားကောင်းလို့ ရည်ညွှန်းရတာတော့ သူဟာ အတန်းမလစ်ဘူး၊ ရန်မဖြစ်ဘူး၊ စာသင်ချိန်မှာ အိပ်မနေဘူး၊ ငေးပဲငေးနေတတ်တာ။ သင်္ချာဆရာက ချီဖန်းနဲ့ အကြိမ်ပေါင်းများစွာ စကားပြောကြည့်ခဲ့ပေမယ့် အသုံးမဝင်ဘူး။ ဒါပေမယ့် ဒီနေ့တော့ ချီဖန်းက စာသင်ချိန်ကို အလေးအနက် အာရုံစိုက် နားထောင်နေတာပါလား?
သင်္ချာဆရာက အတွေးနယ်ကျွံနေမိတယ်။
ဒါ့အပြင် ချီဖန်းရဲ့ သင်္ချာအမှတ်တွေကလည်း...
သင်္ချာဆရာဟာ စဉ်းစားမိရုံနဲ့တင် ထိတ်လန့်ကြောက်ရွံ့သွားခဲ့တယ်။စာသင်ချိန် မပြီးဆုံးခင်မှာ တစ်ရွက်ရှင်းပြလို့ ပြီးသွားတာကြောင့် ဆရာက စာရွက်ကို စားပွဲပေါ် တင်လိုက်ပြီး ကျောင်းသားတွေကို နှစ်သိမ့်စကား အနည်းငယ် ပြောပေးလိုက်တယ်။
ဘဲလ်မြည်လာချိန်မှာတော့ ချီဖန်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သင်္ချာဆရာက သူ့နာမည်အား ခေါ်နေတာကို ကြားလိုက်ရလေတယ် : "ချီဖန်း ဆရာနဲ့ ရုံးခန်းကို ခဏလိုက်ခဲ့ဦး"
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်
FantasyBoth Zawgyi and Unicode.