Zawgyi
မင်းနဲ့အတူကျောင်းသွားလို့ရမလား?
"မာဟောက်" ယွီမော့က အေးစက်စက် ခေါ်လိုက်တယ်။
"ယွီ... ယွီမော့" မာဟောက်ဟာ တောင့်တင်းသွားပြီး ချက်ချင်းပဲ နောင်တရတဲ့ ခံစားချက်တွေ လှိုက်တက်လာတော့တယ်။ ထိုမိန်းကလေးက ယွီမော့ကို ရန်စထားမှန်းသာသိရင် သူဘယ်တော့မှ ဝင်မပါပါဘူး!
အနောက်ကလူတွေက သူ့ကိုထူးဆန်းသလို ဝိုင်းကြည့်လာကြတယ်။ အချင်းချင်း ပြန်ကြည့်လိုက်ကြပြီးနောက် ဘာမှမပြောဘဲ ပုခုံးသာ တွန့်လိုက်ကြတယ်။
ချီဖန်း ထိုကောင်လေးနာမည်အား ကြားလိုက်ရချိန်မှာတော့ အနည်းငယ် တုံ့ဆိုင်းသွားတယ်။ မာမျိုးရိုးဆိုတော့... မာမိသားစုကများလား? ချီဖန်း ခေါင်းခါလိုက်ပြီးနောက် ထိုမာဟောက်အား အသေအချာ စိုက်ကြည့်လိုက်တယ်။
မာဟောက်ဟာ ယွီမော့ကိုကြည့်ရင်း တုန်ယင်နေကာ နောက်လှည့်ပြေးချင်နေပြီး သူ့မျက်နှာပေါ်က နဂိုခပ်လှောင်လှောင် အပြုံးကတောင် လျော့တိလျော့ရဲ ဖြစ်နေခဲ့တယ်။
သူ ယွီမော့နဲ့ တစ်ကြိမ်ဆုံဖူးတယ်။ ထိုအချိန်ကတည်းက သူ့အပေါ်အမြင်ဟာ အလွန်သီးသန့်ဆန်သူဖြစ်ပြီး... သူ့အဖေကတောင်မှ ယွီမော့ကို ရန်သွားမစဖို့ သတိပေးခဲ့သေးတယ်။
အစကတော့ ယွီမော့ဟာ ယွီမိသားစုဝင် ဖြစ်တာကြောင့်လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်စုံတစ်ယောက်က ယွီမော့ကို ပြဿနာ သွားရှာပြီးနောက် အခြေအနေဆိုးသွားတယ်ဆိုတဲ့ ကောလဟာလတွေ ကြားခဲ့ရလေတယ်။ ထိုကိစ္စကြောင့် ယွီမိသားစုအပေါ် အခွင့်အရေးယူဖို့ မပြောနဲ့ ထိုလူတွေဟာ ယွီမော့အမှားကို ရှာမတွေ့တဲ့အပြင် သူတို့ကိုယ်သူတို့ ကံမကောင်းတာကြောင့်လို့သာ လက်ခံလိုက်ရလေတယ်။ တစ်စုံတစ်ယောက်က ယွီမိသားစုဆီမှာ အလုပ်လိုချင်ရင်တောင်မှ သူတို့တွေဟာ ယွီမော့ဆီကို ပြေးမသွားရဲကြဘူး။
မာဟောက်က စိတ်ကိုတည်တည်ငြိမ်ငြိမ် ထားလိုက်ပြီးနောက် ရုတ်တရက် တစ်ဖက်လှည့်ကာ မိန်းကလေးကို ဆူငေါက်လိုက်တယ် : "မြန်မြန်လေး သခင်လေးယွီကို ပြန်တောင်းပန်လိုက်!"
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်
FantasyBoth Zawgyi and Unicode.