Chapter [38]

3.7K 411 34
                                    

Zawgyi

ဒါဘယ်မိသားစုက ရူးတူးတူး ပေါတောတော သားပါလိမ့်? မြန်မြန်လေး အဝေးသွားလွှင့်ပစ်ပေးလို့ မရဘူးလား?

ချီကျန့်ဟာ ဖုန်းကိုလက်ထဲမှာကိုင်ရင်း စိုးရိမ်ပူပန်နေမိတယ်။ မနေ့တုန်းက ရွှီကွမ်းဟာ လေအလျင်လို ပြန်သွားတဲ့အတွက် သူအသိပြန်ဝင်လာချိန်မှာ လိုက်လို့မမှီတော့ဘူး။ အခုချိန်မှာတော့ သူ ရွှီကွမ်းကို လူချင်းလည်း မတွေ့ရသလို၊ ရွှီကွမ်းက သူ့ဖုန်းကိုလည်းမကိုင်၊ သူ့စာတွေကိုလည်း ပြန်မဖြေဘူး။

ချီကျန့်တစ်ယောက် ကြိတ်မနိုင် ခဲမရဖြစ်ကာ အံကြိတ်လိုက်မိတယ်။

ရွှီကွမ်းကဘာကြောင့် ရုတ်တရက်ကြီး ဒီလိုမေးခွန်းမျိုး မေးလာရတာလဲ? ဘယ်သူကများ အာသွားချောင်လိုက်လို့လဲ? ချီကျန့် စိတ်ရှုပ်နေခဲ့တယ်။

ထိုအချိန်မှာပဲ တစ်ယောက်ယောက်ရဲ့ တံခါးဖွင့်သံနဲ့အတူ မေမေချီရဲ့ စိုးရိမ်နေတဲ့ အသံကို ကြားလိုက်ရတယ် : "ရှောင်ဖန်း? မာမားသားလေး ဘာဖြစ်လာတာလဲ?"

ရုတ်တရက်ဆိုသလို ချီဖန်းဟာ အိမ်ကို ဖျော့တော့စွာ ပြန်ရောက်လာပြီး ဖိနပ်အား လေးတိလေးကန်လဲကာ မေမေချီ့ကို ခေါင်းခါပြလိုက်တယ် : "ဘာမှမဖြစ်ပါဘူး သား အပေါ်တက်ပြီး နားတော့မယ်"

ပြောပြီးတာနဲ့ သူ့အမေဆီက စကားပြန်ကိုတောင် မစောင့်တော့ဘဲ ဒုတိယထပ်ဆီ အလျင်စလိုတက်ကာ သူ့အခန်းတံခါးကို ဘန်းခနဲမြည်အောင် ပိတ်ပစ်လိုက်တယ်။ ချီကျန့် စာကြည့်ခန်းထဲက ထွက်လာချိန် ဧည့်ခန်းမှာ အကြောင်သား မတ်တပ်ရပ်နေတဲ့ မေမေချီ့ကို တွေ့လိုက်ရလေတယ် : "မား ရှောင်တိက ဘာဖြစ်လာတာလဲ?"

"မားလည်းမသိတော့ပါဘူး ချွေးတလုံးလုံးနဲ့ အိမ်ပြန်လာတာ သရဲတွေ့ခဲ့တဲ့အတိုင်းပဲ"
မေမေချီလည်း အင်မတန် ထူးဆန်းနေခဲ့တယ်။

ထို့နောက် ချီကျန့်အား တစ်ချက်ကြည့်ကာ ဒုတိယထပ်ဆီ တက်သွားပြီးနောက် ချီဖန်းရဲ့ အခန်းတံခါးကို ခေါက်လိုက်တယ် : "ရှောင်ဖန်း? နေမကောင်းလို့လား သားလေး?"

အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့ပြီးနောက် အခန်းထဲကနေ ဝိုးတိုးဝါးတား စကားသံတစ်ချို့ ထွက်ပေါ်လာခဲ့တယ် : "အဆင်ပြေတယ်... မား သားပင်ပန်းလို့ အိပ်ချင်နေပြီ"

ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်Where stories live. Discover now