Chapter [18]

3.7K 671 32
                                    

Zawgyi

ရေခဲမုန့်

"ချီဖန်း ချီဖန်း..."

ချီဖန်း အိပ်တဝက် နိုးတဝက် အခြေအနေမှာ နားထဲ ယောက်ျားလေးတစ်ယောက် အသံကို ကြားလိုက်ရတယ်။ ထိုအသံကို အနည်းငယ် ရင်းနှီးနေတာကြောင့် ချီဖန်း မျက်မှောင်ကြုတ်လိုက်ပြီး မှတ်ဉာဏ်တွေ ပြန်ခေါ်ကြည့်ချိန်မှာ အေးတိအေးစက် မျက်နှာထားကြီးကို မြင်ယောင်လိုက်မိတယ်။

"တောင်းပန်ပါတယ်! ငါ..." ချီဖန်း အလျင်အမြန် ထလိုက်ချိန်မှာ သူ့အနေအထားဟာ ယွီမော့ရင်ခွင်ထဲ ပစ်ဝင်တော့မတတ် ဖြစ်နေတာကို တွေ့လိုက်ရတယ်။

"တိရိစ္ဆာန်ဥယျာဉ်ရောက်ပြီ" ယွီမော့က ပြောလာတယ်။

ချီဖန်းက ဘေးဘီတဝိုက် လှည့်ပတ်ကြည့်လိုက်တယ်။

ဘတ်စ်ကားပေါ်မှာ လူတွေမရှိတော့ဘဲ အလွတ်ကြီး ဖြစ်နေကာ သူနဲ့ယွီမော့ရယ် ကားတံခါးပေါက်မှာ ရပ်နေတဲ့ အားကစားအဖွဲ့ဝင် ကျောင်းသားတစ်ယောက်ပဲ ကျန်ရှိနေခဲ့တယ်။ ထိုရပ်နေတဲ့ ကျောင်းသားက နိုးလာတဲ့ ချီဖန်းကိုမြင်တော့ ရယ်လိုက်ပြီး : "ကားပေါ်က ဆင်းကြတော့ ယွီမော့ မင်းကိုနှိုးနေတာကြာပြီ"

ယွီမော့ဟာ ချီဖန်းရဲ့ အပြစ်ရှိသလို မျက်ဝန်းလေးတွေကို မြင်လိုက်ရတော့ သူ့အကြည့်တွေ လေးနက်လာခဲ့တယ်။

ချီဖန်း စိတ်ငြိမ်ငြိမ်ထားပြီး အပြည့်အဝနိုးအောင် ကြိုးစားလိုက်ကာ ယွီမော့ကို တောင်းပန်ပြုံးလေး ပြုံးပြလိုက်တယ် : "ငါအိပ်ပျော်သွားတယ် မင်းကိုအနှောင့်အယှက် ပေးလိုက်မိပြီလား?"

ချီဖန်း မျက်နှာပေါ်က ဝတ်ကျေတန်းကျေ အပြုံးကိုမြင်တော့ ယွီမော့မျက်နှာ တည်တင်းသွားတယ်။ ဘာမှမပြောဘဲ ခေါင်းကိုသာ အသာရမ်းပြလိုက်တယ်။ မတ်တပ်ထရပ်ပြီး လွယ်အိတ်ကို ကောက်ကိုင်ဖို့ ကြိုးစားလိုက်ပေမယ့် ခဏတန့်သွားတယ်။ ချီဖန်းက သူ့နဖူးသူပွတ်ရင်း အလုပ်ရှုပ်နေတာကိုမြင်တော့ ဘယ်သူမှ သတိမထားမိချိန်မှာ ယွီမော့ဟာ တစ်ခြားလက်နဲ့ လွယ်အိတ်ကို ပြောင်းကိုင်ပြီး လွယ်လိုက်တယ်။

ချီဖန်းလည်း ထရပ်လိုက်ပြီး ယွီမော့ အနောက်ကလိုက်ကာ ကားပေါ်က ဆင်းလာခဲ့တယ်။

ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်Where stories live. Discover now