Chapter [34]

2.8K 503 30
                                    

Zawgyi

စိတ်ဆိုးသွားသောချီဖန်း

ဝမ်လျန့် နှလုံးသား ချောက်ထဲပြုတ်ကျသွားတော့တယ်။

ဘယ်လိုလုပ်ပြီး ချီဖန်းက သိနေရတာလဲ!

ဝမ်လျန့် စိတ်လှုပ်ရှားကာ နောက်ကိုခြေ၂လှမ်း ဆုတ်လိုက်မိသလို ပတ်ဝန်းကျင်က လူတွေကတော့ သူ့ရဲ့ မူမမှန်မှုကို သတိမထားမိကြဘူး။ ဝမ်လျန့်ဟာ ဝမ်မိသားစုရဲ့ မွေးစားသားတစ်ယောက်မျှသာ ဖြစ်တာကြောင့် ဘယ်သူကမှလည်း သူ့ကိုအာရုံမစိုက်ကြဘူး။

ချီဖန်း စကားတစ်ချို့ ပြောပြီးတာနဲ့ ကားပြတင်းမှန်အား ပြန်တင်လိုက်ကာ ခါးပတ်ကို တင်းတင်းကျပ်ကျပ် ပတ်လိုက်တယ်။

"ရှောင်တိ ရုတ်တရက်ကြီး ဘာလို့လိုက်ဖို့ စိတ်ကူးပေါက်လာရတာလဲ ကိုကိုတော့ နားမလည်နိုင်ဘူး" ချီကျန်းက သူ့ညီလေး ကားပြတင်းမှန်ချပြီး တစ်ခုခုလုပ်လိုက်တာကို စိတ်မဝင်စားဘဲ ကားစမထွက်ခင် လုံခြုံပြီဆိုတာ သေချာအောင်လို့ သူ့ညီလေးရဲ့ ကားခါးပတ်ကို ဂရုတစိုက် စစ်ဆေးပေးရင်း တတွတ်တွတ် ပြောနေလေတယ်။

"လိုက်စပ်စုကြည့်တာပါ" ချီဖန်းက ပြုံးကာ နောက်ကိုမှီလိုက်တယ်။ သူကိုယ်တိုင်မောင်းတာ မဟုတ်တာကြောင့် ကားမူးနေတုန်းပဲ။

ချီကျန်း ထပ်မပြောတော့ဘဲ ကားအတွင်းပိုင်းကို ပိုပြီးအလေးအနက် စစ်ဆေးလိုက်တယ်။

ပြဿနာမရှိဘူးဆိုတာ သေချာသွားတော့မှ ချီကျန်း သူ့ညီလေးဖက် လှည့်လိုက်ပြီး : "ရယ်ဒီပဲလား?"

ချီဖန်း ခေါင်းငြိမ့်လိုက်တယ်။

"သွားကြစို့!"

ချီကျန်း လီဗာကို နင်းလိုက်ချိန်မှာ ချီဖန်း နောက်ကျောက တွန်းအားကို ချက်ချင်း ခံစားလိုက်ရတယ်။ ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်လိုက်ပြီး ခုံနောက်မှီကာ ရှေ့တည့်တည့်ကို စိုက်ကြည့်နေလိုက်တယ်။

ချီကျန်းရဲ့ အရှိန်က အရမ်းအမြန်ကြီး မဟုတ်သလို မောင်းနေရင်းလည်း ချီကျန်းက ချီဖန်းအား မကြာခဏ လှည့်ကြည့်ကာ ချီဖန်း အဆင်မပြေတာကို မြင်တာနဲ့ တဖြည်းဖြည်း အရှိန်ကို လျှော့လျှော့နေပြီး ကားက ပုံမှန်အရှိန်ထက် အတော်လေး လျော့သွားတာကို ကားထဲကနေ ချီဖန်း သတိထားမိသွားတယ်။

ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်Where stories live. Discover now