Zawgyi
ချွတ်ချင်ရင်လည်း...ချွတ်လိုက်
ယွီမော့ဟာ ၁၀မိနစ်လောက် ကြာပြီးမှ သန့်စင်ခန်းထဲက ပြန်ထွက်လာခဲ့တယ်။ သူ့နဖူးပေါ်က ဆံစတစ်ချို့ဟာလည်း ရေတွေစိုရွှဲနေလေတယ်။
ချီဖန်းက ယွီမော့အား စကားနားမထောင်တဲ့ ကလေးတစ်ယောက်လို ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ဆူပူလိုက်တယ် : "မင်းဆေးသောက်ပြီး ဆရာဝန်နဲ့ပြသင့်တယ်"
ယွီမော့က ဘာမှပြန်မပြောပဲ ချီဖန်းမေးတဲ့ မေးခွန်းကို ကြည့်လိုက်တယ်။
ချီဖန်းက မေးခွန်းအမြောက်အမြား မေးထားပေမယ့် အများစုက သီအိုရီကို နားမလည်တာကြောင့် မှားတွက်ထားမိတာတွေချည်းပဲ။ ယွီမော့ ရှင်းပြလိုက်တာနဲ့ ချီဖန်း တန်းနားလည်သွားတော့တယ်။
ယွီမော့ မေးခွန်းတွေ အားလုံးကို ရှင်းပြပြီးချိန်မှာ ခေတ္တတွေဝေသွားပြီးနောက် စာအုပ်၂အုပ်အားရှာကာ ချီဖန်းကို ပေးလိုက်တယ်။
ချီဖန်း ကြည့်လိုက်ချိန်မှာတော့ အလယ်တန်း သင်္ချာကို မှတ်စုတိုတွေ ရေးမှတ်ထားတဲ့ စာအုပ်တွေ ဖြစ်နေတယ်။ ထိုအချိန်ကတည်းက ယွီမော့ရဲ့ လက်ရေးဟာ အလွန်သေသပ်လှပပြီး စာအုပ်တစ်အုပ်လုံးက printထုတ်ထားသလို သပ်ရပ်ကြော့ရှင်းနေလေတယ်။
ယွီမော့ : "နားမလည်တာရှိရင် ငါ့ကိုလာမေး"
ချီဖန်းက စာအုပ်တွေကိုယူကာ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ရုတ်တရက် မေးလိုက်တယ် : "ယွီမော့... အခုတစ်လော အလုပ်ရှုပ်နေလား?"
ယွီမော့ တောင့်တင်းသွားပြီးနောက် ခေါင်းယမ်းလိုက်တယ်။ သူ များသောအားဖြင့် အိမ်မှာပဲ ရှိနေတတ်တာ။
ချီဖန်း မေးလိုက်တယ် : "ငါပြောစရာရှိ... ငါ အကူအညီ တောင်းစရာရှိတယ် အဟမ်း"
သူ့ကိုယ်သူ ကလေးလေးကို လှည့်ဖြားဖို့ ကြိုးစားနေတဲ့ လူစိမ်းဦးလေးကြီး တစ်ယောက်လို ခံစားလိုက်ရတယ်။ယွီမော့ သိချင်သွားတယ် : "ဘာကိစ္စလဲ?"
ချီဖန်း အနည်းငယ် ရှက်ရွံ့သွားပြီးနောက် : "ငါ ဝမ်ဖုန်းယွီနဲ့ အဆင့်ချင်း အလောင်းအစား လုပ်ထားတာ မင်းလည်းအသိပဲ နောက်ဆုံးစာမေးပွဲမှာ ငါသူ့ထက်ကျော်ဖို့လိုတယ် ဒါပေမယ့်... မင်းလည်း ငါ့ရဲ့သင်္ချာ အခြေအနေကို သိသားပဲ အခြေခံ မကောင်းတော့ သေချာပြန်လေ့လာဖို့လိုတယ်"
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်
FantasyBoth Zawgyi and Unicode.