Chapter [35]

3.2K 541 26
                                    

Zawgyi

ကျောင်းမြက်ကလေးလား ကျောင်းပန်းပွင့်လေးလား?

ချီဖန်းဟာ အိမ်မှာကောင်းကောင်း အနားယူခဲ့ရတယ်။ ကျောင်းပြန်တက်ရမယ့် တနင်္လာနေ့ မနက်ခင်းမှာ မေမေချီက သူမသားလေးကို စိတ်မချတာကြောင့် တတွတ်တွတ် မှာနေခဲ့ပြီး ချီဖန်းလည်း သူအစားကောင်းကောင်း စားမှာဖြစ်ကြောင်းနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ့်အကြောင်း ကတိတွေ အထပ်ထပ် ပေးခဲ့ရတယ်။ တကယ်တော့ ၁၆ ၁၇အရွယ် ယောက်ျားလေးတွေဟာ အစာအာဟာရ မျှတမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆက်လက်ကြီးထွားနေဦးမှာပင်။

မနက်စာစားချိန်မှာ အနည်းငယ် ကြာသွားတာကြောင့် ချီဖန်းဟာ စာသင်ခန်းထဲကို ယခင်ကထက် နောက်ကျပြီး ရောက်လာခဲ့တယ်။ တနင်္လာ မနက်ခင်းတိုင်း အတန်းဟာ အမြဲဆူညံရှုပ်ထွေးနေကြဖြစ်ပြီး ချီဖန်း အတန်းထဲ ခြေချချချင်းမှာပဲ ဖန်းကျီဖေး ဆွဲခေါ်တာ ခံလိုက်ရလေတယ်။ နဖူးမှာ ချွေးတွေရွှဲနေတဲ့ ဖန်းကျီဖေးတစ်ယောက် ချီဖန်းလက်ကို မလွှတ်တမ်း ဆွဲထားပြီး : "အစ်ကိုကြီး! ကျွန်တော့်ရဲ့ အစ်ကိုကြီး! ဘာလို့ကျောင်းလာတာ နောက်ကျနေရတာလဲဗျာ?!"

ချီဖန်း ပြန်ဖြေဖို့တောင် အချိန်မပေးဘဲ ဖန်းကျီဖေး အလျင်စလို တောင်းတော့တယ် : "မြန်မြန် မြန်မြန်လေး သင်္ချာ၊ အင်္ဂလိပ်၊ chemistry၊ physics!"

ချီဖန်း မျက်လုံးလှည့်လိုက်ပြီး လွယ်အိတ်အား ခုံစောင်းထဲထည့်ကာ ဖန်းကျီဖေးတောင်းတဲ့ စာအုပ်တွေ ထုတ်ပေးရင်း ပြောလိုက်တယ် : "ကိုယ့်ဘာသာ မလုပ်တတ်ဘူးလား?"

ဖန်းကျီဖေး အိမ်စာစာအုပ်တွေယူကာ ခေါင်းမဖော်တမ်း ကြိုးစားပမ်းစား ကူးနေရင်းက ပြန်ပြောလိုက်တယ် : "ငါလည်းလုပ်ချင်တာပေါ့ သင်္ချာစာအုပ်ထဲက သင်္ကေတတွေကို ငါသိပေမယ့် အကုန်လုံး ပေါင်းလိုက်ရင် ရှေးဟောင်းကျောက်စာတွေ ကျနေရောပဲ ဘယ်သူက နားလည်မှာလဲ?"

ထိုစကားကို ကြားရတော့ ချီဖန်း စိတ်တိုသွားတယ်။ အရင်ဘဝတုန်းကလည်း ဖန်းကျီဖေး ဒီလိုပြောခဲ့တာကြောင့် သူတို့နှစ်ယောက်လုံး တုံ့ဆိုင်းခြင်း မရှိဘဲ လစ်ဘရယ် အနုပညာ မေဂျာကို ရွေးခဲ့ကြတာ။

ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်Where stories live. Discover now