Zawgyi
ဂိုက်ဆရာရှာမယ့်ကိစ္စကို ယာယီရပ်ဆိုင်းထားလိုက်ရပြီး ဘေးလူတွေကတော့ ချီဖန်းတကယ်ပြောင်းလဲသွားပြီဆိုတာ လက်ခံလိုက်ရတော့တယ်။ ပုံမှန်အားဖြင့် ချီဖန်းဟာ အတန်းထဲမှာ ထူးဆန်းပေမယ့် အကျင့်စာရိတ္တ ကောင်းမွန်ကာ ဖန်းကျီဖေးတစ်ယောက်ကိုသာ ရင်းရင်းနှီးနှီး ဆက်ဆံလေ့ရှိတယ်။
အတန်းထဲက မိန်းကလေးတွေကတောင် ချီဖန်းကို ခေါင်လင်ပန်းလေး* ဆိုပြီးနာမည်ပြောင် ပေးထားကြလေတယ်။
[*မြင်သာမြင်ရ မကြင်ရ ဟူသောအဓိပ္ပါယ်]
သို့သော်ငြား ယခုလက်ရှိမှာတော့ ချီဖန်းက သင်ခန်းစာတွေကို သေချာလိုက်နားထောင်တတ်ပြီး အတန်းဆင်းချိန်တွေမှာဆို သူတို့နဲ့ပါ စကားစမြည် လာပြောနေတတ်တယ်။
အစပိုင်းမှာတော့ အတန်းထဲက ကျောင်းသားတွေဟာ ချီဖန်းရဲ့ ရုတ်တရက် ပြောင်းလဲမှုကြောင့် နည်းနည်းကသိကအောက် ဖြစ်ကြပေမယ့် ချီဖန်းနဲ့ အချိန်အတော်ကြာ ပြောဆိုဆက်ဆံပြီးနောက်မှာတော့ ချီဖန်းအပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင်အမြင်တွေ အမျိုးမျိုး ပြောင်းလဲလာကြတော့တယ်။
_အရင်တုန်းက ချီဖန်းက အရမ်းရှက်နေလို့ ငါတို့နဲ့ စကားလာမပြောတာ ဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်ကြတယ်။
ချီဖန်းက အကျင့်ကောင်းတဲ့အပြင် သူ့အမေဆီက မျက်လုံး၊ မျက်ခုံးကလေးတွေကို အမွေရထားပေမယ့် လုံးဝမိန်းမဆန်မနေဘူး။ အပြစ်ကင်းစင်တဲ့ မျက်နှာကလေးပါ ထည့်ပေါင်းလိုက်တော့ ရက်အနည်းငယ်အတွင်းမှာပဲ အတန်းထဲက မိန်းကလေးတွေရဲ့ အသည်းကျော် ဖြစ်သွားတော့တယ်။
အတန်းထဲက ကောင်လေးတွေကတော့ ချီဖန်းကို မနာလိုရှုစိမ့်ကြပေမယ့် အတန်းထဲက အကောင်ကြီးကြီးကျောင်းသား ဖန်းကျီဖေး အပါအဝင် လူတိုင်းက ကာကွယ်ပေးနေကြတဲ့ ချီဖန်းကို ပေါ်တင်တော့ ရန်မစရဲကြလေဘူး။
ချီဖန်းကလည်း သူ့ကိုရန်လိုနေတဲ့ ကျောင်းသားတွေကို လျစ်လျူရှုထားလိုက်တယ်။ မနူးမနပ် ဆယ်ကျော်သက် ကောင်လေးတွေနဲ့ ပြိုင်တုဖို့ စိတ်မဝင်စားဘူး။ သူတို့ကြောင့်နဲ့ သူ့ကိုယ်သူ အထိအခိုက်မခံနိုင်တာကြောင့် ချီဖန်းက သူတို့ကို မမြင်ချင်ယောင်သာ ဆောင်ထားလိုက်တယ်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်
FantasyBoth Zawgyi and Unicode.