Chapter [27]

3K 539 36
                                    

Zawgyi

ဘယ်တော့မှရှိလာမှာမဟုတ်

မနက်ခင်းက လျင်လျင်မြန်မြန် ကုန်ဆုံးသွားပြီး နေ့လည်ခင်းမှာတော့ ချီဖန်းက ယွီမော့အတွက် ဝက်ချိုချဉ်ကြော်ပေးခဲ့တယ်။ စားသောက်ပြီးတာနဲ့ နှစ်ယောက်သား သန့်ရှင်းရေး လုပ်လိုက်ကြပြီး ဟင်းချက်စရာဝယ်ဖို့ အနီးအနားက စူပါမားကတ်တစ်ခုစီ သွားခဲ့ကြတယ်။

ဗီလာဧရိယာတဝိုက်မှာ ဈေးဆိုင်အနည်းငယ်သာရှိပြီး နှစ်လမ်းကျော်လောက် လမ်းလျှောက်ပြီးချိန်မှာတော့ စူပါမားကတ်တစ်ခုကို တွေ့လိုက်ရတယ်။ အထဲမှာ လူသိပ်မများဘဲ တိတ်ဆိတ်နေတယ်။ ချီဖန်း ပတ်ပတ်လည်အား လှည့်ပတ်ကြည့်ရင်း ယွီမော့ကို မေးလိုက်တယ် : "မင်းဘာစားချင်လဲ?"

ယွီမော့ အတန်ကြာ စဉ်းစားလိုက်ပြီး ထုတ်ပြောလိုက်တယ် : "ဟော့ပေါ့... ဆိုရင်အဆင်ပြေလား?"

ချီဖန်းက ယွီမော့အတွက် ဟင်းပွဲတချို့ ပြင်ဆင်ပေးချင်ပေမယ့် ဟော့ပေါ့ဆိုရင်တော့ သိပ်အားထုတ်စရာ မလိုတော့ဘူး။ ပါဝင်ပစ္စည်းအားလုံးကို အိုးထဲပစ်ထည့်လိုက်ပြီး ချက်ပြုတ်ရုံပဲ။ ယွီမော့ရဲ့ မျှော်လင့်တကြီး မျက်ဝန်းတွေကို မြင်လိုက်ရချိန်မှာတော့ ချီဖန်းပြုံးကာ ခေါင်းငြိမ့်လိုက်တယ် : "ကောင်းပြီလေ"

အိမ်မှာဟော့ပေါ့စားချင်တယ် ဆိုတော့လည်း... ချီဖန်းဟာ မှိုစွပ်ပြုတ်ဟော့ပေါ့ လုပ်ဖို့အတွက် စင်ပေါ်က ပါဝင်ပစ္စည်းထုပ်ကြီးနဲ့ အစပ်အဟပ်တည့်တဲ့ ဆော့စ်တစ်ချို့ ဆွဲယူလိုက်တယ်။ ထို့နောက် ယွီမော့အား အအေးခံသေတ္တာကြီးနား ဆွဲခေါ်ကာ ပလတ်စတစ်အိတ်တစ်အိတ်ယူလိုက်ပြီး ညှပ်တစ်ခု ကမ်းပေးလိုက်တယ် : "မင်းစားချင်တာ ကောက်ထည့်လိုက်"

ယွီမော့ကတော့ ညှပ်ကိုကိုင်ရင်း အအေးပုံးကြီးထဲက စားစရာတွေကိုကြည့်ကာ ဘာလုပ်ရမယ်မသိ ဖြစ်နေခဲ့တယ်။

ချီဖန်းပြုံးကာ အအေးပုံးထဲက စားစရာတွေကို တစ်ခုပြီးတစ်ခု လက်ညှိုးထိုးပြပြီး ယွီမော့အား မိတ်ဆက်ပေးလိုက်တယ် : "ဒါကငါးအသားလုံး၊ ဒါကငါးအသားလွှာ၊ ဒါကပုစွန်အသားလုံး..."

ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်Where stories live. Discover now