Chapter [39]

1.5K 188 13
                                    

Unicode

အလောတကြီး လုပ်မိရင် ငါးလေးက ထွက်ပြေးသွားလိမ့်မယ်

မေမေချီက ထိုစကားကိုကြားတော့ မေးလာတယ် : "မသွားချင်ဘူး? သွားစရာရှိလို့လား? အိမ်မှာပဲနေမှာလား?"

"အင်း" ချီဖန်း ခေါင်းငုံ့ကာ ခြောက်ကပ်ကပ် အသံနဲ့ ပြောလိုက်တယ် : "ညစာစားပွဲကိုသွားတိုင်း ဘာတွေပြောကြမှန်းလည်း မသိဘူး နားထောင်ရတာ စိတ်ညစ်စရာကောင်းတယ်"

ချီဖန်း ဒီလိုပြောတာကို အရင်က တစ်ခါမှ မကြားဖူးတဲ့ မေမေချီဟာ အံ့အားသင့်သွားတယ် : "သူတို့က ဘာတွေပြောကြလို့လဲ?"

"သားတို့မိသားစု ကုမ္ပဏီက တာ့ကောနဲ့ အာ့ကောပဲ ဆက်ခံရမှာတဲ့ နောင်ကျရင် သားက မိသားစုထဲကနေ ကန်ထုတ်ခံရလိမ့်မယ်တဲ့ ပြီးတော့..." ချီဖန်း သူ့အဖေကို သေချာကြည့်လိုက်ပြီး : "ပါပါးက သားကို သဘောမကျတာမို့ ကုမ္ပဏီမှာလည်း နေရာပေးခံရမှာ မဟုတ်ဘူးတဲ့"

"အဓိပ္ပာယ်မရှိတာ!" မေမေချီက ဒေါသထွက်သွားတယ် : "ငါ့သား ဘာလိုချင်ချင် အကုန်ဖြစ်ရမှာပေါ့ သူတို့နဲ့ ဘာဆိုင်လို့လဲ?!"

ချီဖန်း ကြောက်သွားပြီး စကားထပ်မပြောတော့ဘူး။ ဖေဖေချီရဲ့ မျက်နှာဟာ ဒေါသကြောင့် ပြာနှမ်းနေပြီး ချီကျန့်နဲ့ ချီရန်တို့ကလည်းပိုပြီးတောင် စိတ်ဆိုးသွားကြတယ်။

မေမေချီ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အတတ်နိုင်ဆုံး လေသံကိုထိန်းကာ မေးလိုက်တယ် : "မာမားကို အရင်ကတည်းက ဘာလို့မပြောပြတာလဲ?"

အရင်ဘဝက ချီရှောင်းဖန်းက ငတုံးမို့လို့လေ။ ချီဖန်း မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိတယ်။

အရင်ဘဝတုန်းက ချီဖန်းဟာ ဆွေမျိုးတွေဆီက ထိုစကားလုံးတွေနဲ့ နှစ်တိုင်းလိုလို ဦးနှောက်ဆေးခံခဲ့ရလေတယ်။ ဦးနှောက်ဆေးခြင်း လုပ်ငန်းဟာ မအောင်မြင်ခဲ့သော်လည်း သူ့မိဘတွေကိုတော့ ထိုအကြောင်းတွေကို ပြန်မပြောပြရဲခဲ့ဘူး။ သူပြောလိုက်တဲ့အခါ သူ့မိဘတွေက ထိုစကားတွေဟာ အမှန်ဖြစ်ကြောင်း ဝန်ခံလိုက်ကြရင် သူဘယ်လိုလုပ်ရပါ့မလဲ?

ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်Where stories live. Discover now